Thursday, September 1, 2016

နာဂဒေသတွင် ကူးစက်ရောဂါနှင့် အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၉၀ သေဆုံး

အိမ်ခိုင်မြဲ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကူးစက်ရောဂါနဲ့ အဟာရချို့တဲ့မှုတွေကြောင့် ဇွန်လ ကစပြီး ၁ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ် အယောက် ၉၀ သေဆုံးခဲ့ပါတယ်။

လဟယ်မြို့နယ်အတွင်းက ကျေးရွာ ၃ ရွာမှာ စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ပြီး ထန်ခေါ်လားမားကျေးရွာမှာတော့ ၂၅ ဦးသေဆုံးခဲ့ပါတယ်။ နန်းယွန်းမြို့နယ် ဒုံဟီးမြို့အတွင်းက ကျေးရွာတွေမှာတော့ ၂၆ ဦးသေဆုံးခဲ့ပြီး ကဲဆန်ဆာလင် ကျေးရွာနဲ့ ကဲဆန်ကားလန်ကျေးရွာ တွေကတော့ ၁၁ ဦးစီ သေဆုံးခဲ့ပါတယ်။

ရောဂါဖြစ်စဉ်အတည်ပြုနိုင်ဖို့အတွက် လူနာ ၅ ဦးရဲ့ သွေးနမူနာယူပြီး ရန်​ကုန်​မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့စစ်ဆေးခဲ့ရာမှာ လူနာ ၃ ဦး ထံကနေ ဝက်သက်ရောဂါကပ်အသွင် ဖြစ်ပွားခဲ့ကြောင်း သြဂုတ်​လ ၈ ရက်နေ့မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

အခုချိန်မှာ ကျန်းမာရေးဦးစီးဌာနက ရောဂါဖြစ်ပွားရာဒေသတွေနဲ့ ကျန်ဒေသတွေကို ကာကွယ်ဆေးတွေ လိုက်လံထိုးပေးနေပါတယ်။

No comments: