Thursday, January 14, 2016

မောင်းသူမဲ့လေယာဉ် Drone သုံးခွင့်ပြုဖို့ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်နေ


တပ်မတော် နဲ့ ပြည်သူ့စစ်တွေက ဖမ်းဆီးနှိပ်စက်မှု သတင်းစာရှင်းလင်းပွဲ ပြုလုပ်


အထည်ချုပ်စက်ရုံ အလုပ်သမားတွေ တောင်းဆိုမှု အလုပ်ရှင် မလိုက်လျော


ပဋိဇီဝဆေးတွေ ဆေးယဉ်ပါးမှု ဖြစ်နေတာတွေကို သုတေသနလုပ်ဖို့ တိုက်တွန်း


စိတ်ကြွဆေးပြား ၂၆သန်းကျော် ဖမ်းဆီးမှု ရုံးထုတ်စစ်ဆေး


ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခြင်းသည် အားလုံး၏သမိုင်းဖြစ်သည်ဟု ဦးအောင်မင်း ပြော

ဇော်ခမ်းဟိန်း

ပထမဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခြင်းသည် အစိုးရ၏ သမိုင်းသာ မဟုတ်ဘဲ အားလုံး၏ သမိုင်းဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယနေ့ နေပြည်တော် Horizon Lake View ဟိုတယ်၌် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စတုတ္တအကြိမ် အစည်းအဝေးတွင် ပြောကြားသည်။

''အခက်အခဲတွေ၊ အချိန်ရဲ့ စိန်ခေါ်မှုတွေ ကိုကျော်လွှားနိုင်ဖို့ ဝိုင်းဝန်းကျိုးပန်းခဲ့ကြတဲ့ UPDJC ခေါင်းဆောင်များနဲ့ Technical Team တွေကို ကျွန်တော့အနေနဲ့ အထူးဘဲကျေးဇူးတင်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ခြင်းဟာ ကျွန်တော်တို့ အစိုးရရဲ့ သမိုင်းသာ မဟုတ်ဘဲ ခင်ဗျားတို့ ကျနော်တို့ အားလုံးရဲ့ သမိုင်းဖြစ်တယ်ဆိုတာကို ကျနော်ဒီနေရာကနေ ပြောချင်တယ်။'' ဟု ၄င်းက ဆိုသည်။

အစိုးရအနေဖြင့် ပထမဆုံး အကြိမ်ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား နောင် ကျင်းပမည့် ညီလာခံများ၏ အုတ်မြစ်အဖြစ် အခြေခံကောင်းများ ထားရှိရန် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ NCA သဘောတူစာချုပ်၏ အချိန်ဇယားနှင့် ရည်မှန်းချက်များ အတိုင်း ဆောင်ရွက်မည် ဖြစ်ပြီး ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ဇန်နဝါရီ ၁၂ မှ ၂၂ ရက်အထိ ဆောင်ရွက်လိုသော်လည်း ဆွေးနွေးဖက်များ၊ Stakeholder များ၏ မေတ္တာရပ်ခံမှုကြောင့် ၅ ရက်ကျင်းပရန် ဆုံးဖြတ်ခဲ့ရသည် ဟု ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စတုတ္တအကြိမ် အစည်းအဝေးတွင် (UPDJC) ဒုတိယဥက္ကဌများဖြစ်ကြသည့် အစိုးရအဖွဲ့ ကိုယ်စားလှယ်၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ်၊ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်ရေးမှူး ပဒိုကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေတို့ကလည်း အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးခြင်းမရှိသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ ရက် တွင် ကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း ဇန်နဝါရီ ၇ ရက်က အရေးပေါ် အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ထားသည်။

''ညီလာခံကို ကျွန်တော်တို့ တက်ရောက်မှာမဟုတ်ပါဘူး။ အဓိက အခြေအနေ ၃ ချက်အပေါ်မှာ ဦးတည်ပြီး အဲဒီသဘောထားကို ဆုံးဖြတ်တာ ဖြစ်ပါတယ်၊ တစ်ဖွဲ့ချင်းလည်း တက်ရောက်မှာ မဟုတ်ဘူး'' ဟု UNFC ၏ အထွေထွေတွဲဘက် အတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောသည်။

အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ (၈) ဖွဲ့တို့ပြုလုပ်မည့် ဆွေးနွေးပွဲ သို့ '၀'သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA က တက်ရောက်မည်မဟုတ်ကြောင်း ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဇန်န၀ါရီ ၈ ရက်နေ့က မဇ္ဈိမသို့ပြောကြားသည်။

လိပ်ကျွန်းပြစ်ဒဏ် မကျေနပ်သဖြင့် ထိုင်းတရားရုံးနှင့် အစိုးရ၀က်ဆိုက် ၃၀၀ ကျော် တိုက်ခိုက်ခံရ

DVB


ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်ခဲ့မှုအတွက် မြန်မာလူငယ် ၂ ဦးကို သေဒဏ်ပေးလိုက်တဲ့ အမိန့်ကို မကျေနပ်လို့ ဟက်ကာတွေက ထိုင်းတရားရုံးနဲ့ အစိုးရ အင်တာနက် ၀က်ဆိုက် ၃၀၀ ကျော်ကိုတိုက်ခိုက်ခဲ့ပါတယ်။

ဇန်န၀ါရီ ၅ ရက်က တော်ဝင်ထိုင်းရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အမည်မသိ ဟက်ကာတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ထိုင်းဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။

We are Annonymous ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ လိပ်ကျွန်းလူသတ်မှု စီရင်ချက်ကို ဆန္ဒပြတဲ့အနေနဲ့ ထိုင်းတရားရုံး ၀က်ဆိုက်အားလုံးကို ပိတ်လိုက်တယ်လို့ ရေးပါတယ်။

စုံစမ်းစစ်ဆေးမှုအပေါ် ထိုင်းရဲတပ်ဖွဲ့က အပြောင်းအလဲ တစုံတရာ မလုပ်ဆောင်သရွေ့ ထိုင်းကို သပိတ်မှောက်ဖို့ ခရီးသွားတွေကို တောင်းဆိုတဲ့ လှုပ်ရှားမှုကို အမည်မသိဟက်ကာအဖွဲ့က ထောက်ခံတယ်လို့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးပါတယ်။

ဒီလအစောပိုင်း ထိုင်းရဲတပ်ဖွဲ့ ၀က်ဆိုက် ၁၃ ခုရဲ့ မူလစာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ ထိုင်းအလံအလယ်မှာ လက်ခလယ်ထောင်ထားတဲ့ပုံ၊ မျက်နှာဖုံးပေါ်မှာ မျက်စိကို စည်းထားတဲ့ပုံနဲ့ သက်ရောက်မှုမရှိတဲ့ ဥပဒေနဲ့ တရားမျှတမှုကို လိုချင်တယ်ဆိုတဲ့ စာသားတွေကိုလည်း တင်ထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခဲ့တဲ့ ၀က်ဆိုက် ၂၉၄ ခု စာရင်းကို ပြုလုပ်ထားပြီး တချို့ဝက်ဆိုက်တွေကို ဖွင့်ကြည့်ရာမှာတော့ ဖွင့်မရဘူးလို့ သတင်းက ရေးပါတယ်။

တရားရုံးနဲ့ ချင်းမိုင် ခရီးသွားအခွင့်အရေး အင်တာနက် စာမျက်နှာတွေလည်း တိုက်ခိုက်တဲ့ ၀က်ဆိုက်စာရင်းမှာ ပါဝင်နေပါတယ်။

ဒီဇင်ဘာလက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို တရားရုံးက သေဒဏ်အမိန့် ချမှတ်ခဲ့အပြီး ထိုင်းရဲတပ်ဖွဲ့နဲ့ အစိုးရ၀က်ဆိုက် အတော်များများကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ပါတယ်။

လူ့အဖွဲ့အစည်း သတ်မှတ်ချက်တွေကို စော်ကားတယ်လို့ ယူဆပါက အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အကြမ်းဖက်သမားတွေကို တက်ကြွလှုပ်ရှားတဲ့ ဒီဟက်ကာတွေက တိုက်ခိုက်ခဲ့ပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ January,14th,2016

( 10 )မြန်မာလူငယ်နှစ်ဦးအမှုကူညီရေး တရားရေးကျွမ်းကျင်အဖွဲ့ ထိုင်းနိုင် ငံ ရောက်ရှိ

( 9 )Democracy icon in peace pledge

( 8 )တပ်မတော်က AA ကို ဆက်လက်တိုက်ခိုက်မည်ဟု ကြေငြာထား

( 7 )Aung San Suu Kyi meets rebel leaders for first time

( 6 )ဖားကန့်က ယာဉ်ယန္တရားတွေကို သွားရောက်စစ်ဆေးမည်

( 5 )Suu Kyi's surprise attendance seen as boost for Myanmar peace talks

( 4 )ရွေးကောက်ပွဲစရိတ် မတင်သူများ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေငြာမည်


( 3 )Suu Kyi pledges to foster peace as ethnic rebels join talks

( 2 )မဲဆွယ်စည်းရုံးရေးကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ် ၁၇၀ ကျော်ရှိ

( 1 ) Suu Kyi calls for all insurgents to take part in talks

Sunday, January 10, 2016

ယနေ့ မြန်မာ့ရေးရာသတင်းများ January,4th,2016

( 26 )NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့မည်
( 25 )
( 24 ) အသိမ်းခံလယ်ယာမြေ များ ပြန်ရရေး NLD ကို အကူအညီ တောင်းမည်

( 23 )ရခိုင်အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု နည်းနေသေးဟု ရခိုင်အမျိုးသမီးများအစည်းအရုံးပြော

( 22 ) ကော်ယော် အမျိုးသားနေ့ လွိုင်ကော်မြို့မှာ ကျင်းပပြုလုပ်

( 21 )လူမှောင်ခိုကူးသူဟု သံသယရှိသူအား ထိုင်းက မြန်မာနိုင်ငံသို့ လက်လွှဲပေးအပ်

( 20 )မိုင်းရှုးမြို့နယ် အေးချမ်းပြီဖြစ်လို့ ဒုက္ခသည်တွေ နေရပ် ပြန်ခိုင်း

( 19 )ဂန့်ဂေါမြို့နယ်တွင် ပထမဆုံးအကြိမ် အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ်

( 18 ) KIA တပ်သားသစ် စုဆောင်းမှု ရပ်စဲဖို့ SLND တိုက်တွန်း

( 17 ) Myanmar president calls on political forces to work in unity to overcome challenges

( 16 )ဘူးသီးတောင်နဲ့ မောင်တောမှာ စိတ်ကြွဆေးပြား အများအပြား သိမ်းဆည်းရမိ

( 15 )Magnitude-6.7 earthquake hits near India-Myanmar border

( 14 )ရခိုင်ဒေသ တိုက်ပွဲတွေ ရပ်တန့်ရေး ကျောက်တော်ဒေသ ခံတွေ တောင်းဆို

( 13 )Yoma gets lease extension for landmark hotel project in Myanmar

( 12 )သေဒဏ်ကျမြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး မဘသအဖွဲ့ ဆက်လက်ဆန္ဒပြ

( 11 )Powerful magnitude 6.7 earthquake hits northeast India near Myanmar border

Monday, January 4, 2016

သမ္မတ ဟောင်း လုံခြုံရေးဆိုင်ရာ ဥပေဒကြမ်း ပြင်ဆင်ချက်တချို့နဲ့ အတည်ပြု


လိပ်ကျွန်းအရေး ဝင်း နှင့် ဇော်ကို ကူညီရန် ဦးဇော်ဇော် နှင့် ဦးထူးချစ်တို့ ဆွေးနွေး

မဇ္ဈိမ

လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး (ခေါ်) ကိုဝင်းဇော်ထွန်းတို့နှစ်ဦးကို ကူညီရန် အဓိက လိုက်ပါဆောင်ရွက်နေသည့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ဆောင်ရွက်သူ ကိုထူးချစ် နှင့် ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

လိပ်ကျွန်းအမှုသာမက ယနောင်း လူသတ်မှု နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကိုလည်း ကူညီပံ့ပိုးရန်၊ မိသားစုများအတွက် ပံ့ပိုးရန်နှင့် အနာဂတ် ကာလတွင်လည်း ရွှေ့ပြောင်းအလုပ်သမားများ အရေးနှင့် ပတ်သတ်၍ ကူညီပံ့ပိုးမှုများပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွက် ခွင့်ပြုထားတဲ့ ဘတ်ဂျက် အတည်ပြုပေးဖို့ အဆိုတင်သွင်း


အစိုးရ သတင်းစာများ ဒီမိုကရေစီနှင့်မညီဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

ဧရာဝတီ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ(NLD) ဒေါ်အောင်ဆန်းစုကြည်က အစိုးရသတင်းစာများသည် ဒီမိုကရေ စီစနစ် နှင့်မကိုက်ညီဘဲ ဒီမိုကရေစီနှင့်လျှော်ညီစေရန် အချိန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း RFA မြန်မာပိုင်း သတင်း ဌာန၏ ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည် ရေဒီယိုအသံလွှင့်အစီအစဉ်တွင် ပြောဆို လိုက်သည်။

NLD အစိုးရလက်ထက်တွင် ဒီမိုကရေစီစနင်နှင့် လျှော်ညီစေရန် လုပ်ဆောင်မှသာလျှင် နိုင်ငံ အဆင်ပြေ မည် ဖြစ်ကြောင်း၊ သို့ရာတွင် နေ့ချင်း ညချင်း လုပ်ဆောင်၍ မရနိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုသည်။

“အစိုးရပိုင် သတင်းစာတွေ ဘာတွေကတော့ ဒီမိုကရေစီနဲ့ မသင့်လျော်ဘူးလို့ ထင်တယ်၊ ဒါပေမယ့် ဒါဟာ အမတို့ နေ့ချင်းညချင်းမလုပ်ပါဘူး၊ သေချာတိုင်ပင်ပြီးတော့မှ လုပ်မှာပါ၊ ဒါပေမယ့် သိပ်ပြီးလည်း အချိန် မဆွဲချင် ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံးလုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အစိုးရ ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနများအနေဖြင့် လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ပြုရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင် တကယ်တော့ အမေရိကားတို့ အင်္ဂလန်တို့မှာဆိုရင် နိုင်ငံက ထောက်ပံ့ထားတဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့က ကြားတာပဲလေ။ ဥပမာ VOA တို့ BBC တို့လေ၊ သို့သော်များလည်း သူတို့ရဲ့ လွတ်လပ်မှုရှိတယ်၊ သူတို့ ဘာသာ အလုပ်လုပ်နိုင်တယ်။ အဲ့တော့ ထောက်ပံ့ထားတာမျိုးရှိရင်တောင် လွတ်လွတ် လပ်လပ် အလုပ်လုပ်နိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်ဖားကန့်ဒေသသို့ ယာဉ်ယန္တားကြီးများဖြင့် ကျောက်တူးနေကြခြင်းများကို အစိုးရက ထိရောက်စွာ အရေးမယူဘဲ စုံစမ်းရေးအဖွဲ့များ ဖွဲ့နေခြင်းမှာ မယောင်ရာဆီလူးနေခြင်းဖြစ်ကြောင်း၊ NLD လွှတ်တော်ကိုယ်စားလှယ်များရရှိမည့် နိုင်ငံရေးပင်စင်ကို လက်ခံမည်ဖြစ်သော်လည်း ယင်းငွေများအားလုံးကို နိုင်ငံတော်စီမံကိန်းအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံထားရသည့်မြန်မာ ၂ ဦးနှင့်ပတ်သက်၍ ပြောဆိုရာတွင် ဥပဒေအဆင့် ဆင့်အယူခံခွင့်ရှိ၍ ဥပဒေအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လုံးခင်း ဖားကန့် ဒေသက ကျောက်စိမ်းလုပ်ကွက်တွေ အခြေအနေ


မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှု အံ့ဖြိုးပိုင်ကို အလုပ်ကြမ်း နှင့် ထောင် ၁၀နှစ် အမိန့်ချ၊ တရားလိုဘက်မှ မကျေနပ်

ယဉ်မွန်ခိုင်

မော်ဒယ် အေးချမ်းမြတ်မိုးကို သတ်ခဲ့တဲ့ တရားခံအံ့ဖြိုးပိုင်အား ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံးမှ ပုဒ်မ ၃၀၂(၂)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည့်အပေါ် တရားလိုဘက်မှ ကျေနပ်မှုမရှိကြောင်း အေးချမ်းမြတ်မိုး၏ ဖခင်ဖြစ်သူ ဦးဝဏ္ဏက မီဒီယာများကို ပြောကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုနှင့် ပတ်သက်ပြီး အချိန်တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်တွင် အမိန့်ချရန် သတ်မှတ်ထားသော်လည်း ရွှေ့ဆိုင်းကာ ယနေ့မှ အမိန့်ချခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိပါဘူး။ ဒါကြောင့် တရားဥပဒေကြောင်းအရ ဆက်လက်ပြီး အယူခံ ဝင်သွားမယ်။ တိုင်းတရားရုံးကနေ နိုင်ငံတော်အထိ အဆင့်ဆင့်ကို တက်သွားမယ်။"ဟု ဦးဝဏ္ဏက မီဒီယာများ၏ မေးမြန်းချက်ကို ပြောကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် အပြင်ကပြန်အလာ တရားစွဲ ဆိုခံထားရသူ အံ့ဖြိုးပိုင်မှ လှေကားတွင် ဓားဖြင့်ထိုးခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အမှုကို တစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရပြီး နောက်ဆုံး တရားသူကြီး ၂ ယောက်ပြောင်းသည်အထိ ကြာမြင့်ခဲ့သည်။

ယခုအမိန့်ချမှုနှင့်ပတ်သက်ပြီး တရားလို ဘက်မှ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

စည်းမကိုက်ညီတဲ့ ကလေးနို့မှုန့်တွေကို ဈေးကွက်ထဲက ပြန်သိမ်းဖို့ ပြင်ဆင်


လိင်ဆက်ဆံမှုကို အလွန်အကျွံစွဲလမ်းခြင်း

အေးမင်း


လူတယောက်က လိင်ကိစ္စကို နဲ့ ပတ်သက်လို့ တကယ်လက်တွေ့ သာယာမှုမရယူဘူးဆိုရင်တောင်မှ တွေးနေမိတယ် ဆိုရင် လိင်စွဲလမ်းမှု လို့ ဆိုနိုင်ပါတယ်။ လိင်စွဲလမ်းမှု မှာ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တဲ့ သဘောတွေ ပါဝင်ပါတယ်။ ဈေးဝယ်ရတာကို သဘောကျတာ၊ လောင်း ကစားသို့ မဟုတ် အင်တာနက်မှာပဲ အချိန်ဖြုန်းနေမိတာတွေလိုမျိုးပါပဲ။ ဒီကိစ္စမှာတော့ စိတ်စွဲလမ်းမှုတွေက လိင်မှုနဲ့ ဆိုင် တဲ့ အကြောင်းအရာမျိုးတွေမှာ ဖြစ်ပါတယ်။

တချို့ အလွန်အကျွံစွဲလမ်းသူတွေက လိင်ကိစ္စနဲ့ ပတ်သက်လို့ တွေးတောမှုကို မရပ်တန့်နိုင်သလို လိင်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ဖို့ ဒါမှ မဟုတ် လိင်ဆက်ဆံဖို့ အတွက် အလုပ်အကိုင်ကိုတောင် မေ့ထားကြပါတယ်။ တချို့တွေကတော့ အန္တ ရယ်ကြီးမားတဲ့ အပြုအမူတွေ ဘက်ကိုရောက်သွားပြီး လူပေါင်းစုံနဲ့ ပျော်ပါးတာ၊ ပြည့်တန်ဆာတွေနဲ့ပတ်သက်တာမျိုးတွေ အထိ ဖြစ်တတ်ပါတယ်။ တချို့ကလည်း အဲဒါကိုပဲ အချစ်ကြီးတာ၊ အစွဲအလမ်းကြီးတာလို့ ထင်တတ်ကြပါတယ်။

များသောအားဖြင့်တော့ လိင်ကိစ္စကို အလွန်အကျွံစွဲလန်း သူတွေဟာ ပျော်စရာကောင်းတဲ့၊ စိတ်လှုပ်ရှားရင်ခုန်စရာ ကောင်းတဲ့ အတွေ့အကြုံတွေကို နှစ်သက်ခဲပါတယ်။ ဒီလိုလူတွေက သူတို့ရဲ့ မကောင်းတဲ့ အလေ့အထတွေ၊ စိတ်နေ စိတ်ထားတွေကို ရပ်တန့် ဖို့ ကြိုးစားမယ်ဆိုရင်တောင် ဖြတ်တောက်ဖို့ ခက်ခဲပြီး အကျင့်ဟောင်းတွေ ပြန်ပေါ်တတ်ပါတယ်။ လိင်ကိစ္စအပေါ် အလွန် အကျွံစွဲလမ်းခြင်းကို ဖြတ်တောက်ဖို့ ရနိုင်ပါတယ်။ ဒါပေမယ့် အောင်မြင်စွာ ရပ်တန့်နိုင်ဖို့ကတော့ ကုသမှုတွေ ကုထုံးတွေ လိုအပ်ပါလိမ့်မယ်။

လိင်ကိစ္စမှာအလွန်အကျွံစွဲလမ်းတာက ရှားပါးတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံမှာ လူ ၁၂ သန်းကနေ ၁၅ သန်း လောက်က ဒီလို ဖြစ်နေကြတယ်လို့ လေ့လာမှုအချို့က ဆိုပါတယ်။

လူတယောက်ဟာ လိင်ကိစ္စမှာအလွန်အကျွံစွဲလမ်းမှုရှိနေတယ်ဆိုတာကို ညွှန်ပြနေတဲ့ အချက်တွေကတော့ လိင်ကိစ္စကို မကောင်းတဲ့ ခံစားချက်အတွက် အသုံးချခြင်း၊ ကိုယ့်ရဲ့ လိင်မှုဆိုင်ရာအလေ့အထ၊ စိတ်ထားတွေကို အိမ်ထောင် ဘက် သို့ မဟုတ် လက်တွဲဖော်မသိအောင် ဖုံးကွယ်ထားမိခြင်း၊ လိင်ကိစ္စဆိုင်ရာ အမူအကျင့်တွေကို မထိန်းချုပ်နိုင်ဘူးလို့ ခံစားရ ခြင်း၊ ထိန်းချုပ်မှုမပြုနိုင်ခြင်း၊ မိမိရဲ့ လိင်မှုဆိုင်ရာ အမူအကျင့်တွေကြောင့် အိမ်ထောင်ရေး သို့မဟုတ် အချစ်ရေး ပျက်စီး ခြင်း၊ ဒီကိစ္စတခု အပေါ်ပဲ အာရုံရောက်ပြီးတော့ မိတ်ဆွေများ၊ မိသားစုဝင်များကို အချိန်မပေးနိုင်ခြင်း၊ လိင်ကိစ္စအပေါ် အလွန်အကျွံစွဲလမ်းစိတ်နဲ့ အမူအကျင့်တွေကို လူတွေသိပြီး ဘ၀မှာ အနှောက် အယှက်ပေါ်လာခြင်း ၊ ဒီလို ထိခိုက်မှန်း သိ ပေမယ့်လည်း ရပ်တန့်လို့ မရဘူးဆိုတာကို ကိုယ့်ဘာသာ သတိထားမိလာခြင်း တို့ဖြစ်ပါတယ်။

လိင်ကိစ္စမှာအလွန်အကျွံစွဲလမ်းသူတွေရဲ့ စိတ်နေစိတ်ထားက အကြမ်းဖျင်းအားဖြင့် ၄ မျိုးရှိပါတယ်။

သူတို့ ခေါင်းထဲမှာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အတွေးတွေ အမြဲရှိပါတယ်။ ဒါကြောင့် တဏှာရမ္မက် နိုးကြားမှုက အမြဲတမ်း မြင့် တက်နေပါတယ်။

သူတို့က ရမ္မက်ကြီးတာကို သဘောကျပါတယ်။ စိတ်ကူးနဲ့ ဖြစ်စေ လက်တွေ့မှာ ဖြစ်စေ အခြေအနေတခုကို ထပ်တလဲလဲ လိုချင်ကြပါတယ်။ အဲဒါက စိတ်ခံစားမှု အမြင့်ဆုံး အထွတ်အထိပ်မရောက် နိုင်ပါဘူး။ ရမ္မက်စိတ် နိုးကြားမှု အဆင့်ကို အမြင့် ဆုံး မှာအမြဲရှိနေရုံပဲ ဖြစ်လာနိုင်ပတယ်။

မကောင်းတဲ့ နောက်ဆက်တွဲတွေ ရှိလာနိုင်တာကို သိရင်တောင် ဒါမှမဟုတ် သူတို့ လုပ်နေတာတွေကို တကယ်ရပ်တန့် ချင် တယ်ဆိုရင်တောင်မှ သူတို့ ဒါကို မရပ်တန့်ကြပါဘူး။

သူတို့ရဲ့ လုပ်ရပ်နဲ့ အမူအကျင့်တွေ ကို မထိန်းချုပ်နိုင်တဲ့ အတွက် အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ရှက်ကြပါတယ်။ သူ တို့ကြောင့် တခြားသူတွေ ထိခိုက်ရတဲ့ အတွက်လည်း နောင်တရတတ်ကြပါတယ်။

လိင်ကိစ္စမှာအလွန်အကျွံစွဲလမ်းမှု ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်းထုတ်လုပ်မှုကြောင့် ဖြစ်နိုင်သလို လိင်ဆက်ဆံချိန်မှာ သို့ မဟုတ် အထွဋ်အထိပ်ကိုရောက်ချိန်မှာ ထုတ်တဲ့ ဦးနှောက်က ဓာတုဖြစ်စဉ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ခံစားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခံစား ချက် အမျိုးမျိုးနောက်ကို လိုက်ပြီး တယောက်ပြီး တယောက်ပြောင်းတွဲရင်း ကနေ ဖြစ်သွားတတ်ပါတယ်။ အရွယ်မရောက် ခင် အနိုင်ကျင့်စော်ကားခံရခြင်း ကြောင့်လည်း ဖြစ်နိုင်သလို နာတာရှည်ရောဂါ၊ စိတ်ဖိစီးမှု သို့ မဟုတ် စိတ်သောကတွေ ကြောင့်လည်း လိင်ကိစ္စမှာ အလွန်အကျွံစွဲလမ်း မှုကို ဖြစ်သွားစေနိုင်ပါတယ်။

ကုသနည်း အမျိုးမျိုးရှိပါတယ်။ အများစုကတော့ လောင်းကစား၊ ဈေးဝယ်တာ စတဲ့ စွဲလမ်းမှုတွေကို ရပ်တန့်စေတဲ့ နည်းလမ်း တွေ အတိုင်းပါပဲ။

တယောက်တည်းကုသခြင်းနဲ့ (အိမ်ထောင် သို့မဟုတ် ချစ်သူရည်းစားရှိခဲ့ရင်) စုံတွဲအလိုက် ကုသခြင်း ပေါင်းစပ်ရင် စွဲလမ်း မှုပြဿနာကို ပိုပြီး နားလည်လာမယ်၊ ရင်ဆိုင်နိုင် လာမယ်ဆိုတာ ဆရာဝန်တွေ သိရှိခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ရင်းနှီးမှု၊ ပျော်ရွှင်မှုနဲ့ စိတ်ခံစားချက်တွေကို အခြေခံပြီးတော့ ကောင်းမွန်တဲ့ ဘ၀တခုကို ပြန်လည် တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။

အုပ်စုလိုက်ဆွေးနွေးတဲ့ နည်းတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ဓာတ်နဲ့ စိတ်ခံစားမှု တွေကို အထောက်အ ကူ ဖြစ်စေနိုင်သလို တခြားသော အဖွဲ့ဝင်တွေရဲ့ ကူညီမှုကို ရရှိနိုင်ပါတယ်။

လူတွေရဲ့လိင်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ ဆေးတချို့ရှိပါတယ်။ ဒါပေမယ့် ဒီလိုဆေးတွေ နဲ့ ကုသတာ တခုထဲနဲ့ လိင် ကိစ္စ အပေါ်အလွန်အကျွံစွဲလမ်းမှုကို အလုံးစုံ မပျောက်ကင်းစေနိုင်ဘူးဆိုတာလည်း ဆရာဝန်တွေ တွေ့ရှိခဲ့ပါတယ်။ လိင် ကိစ္စ အပေါ်အလွန်အကျွံစွဲလမ်းမှု ဆိုတာ စိတ်နေစိတ်ထားနဲ့ ဆိုင်တဲ့ ပြဿနာတခု ဖြစ်တဲ့ အတွက် ဒါကို ရပ်တန့်နိုင်ဖို့ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်ချက် ရှိဖို့ လိုပါတယ်။ ဆေးပညာရှင် ရဲ့ အကူအညီသာမက မိမိရဲ့ လက်တွဲဖော်နဲ့ အသိုင်းအ၀ိုင်းရဲ့ အကူ အညီ ရှိမှသာလျှင် အမှန်တကယ် အဓိပ္ပါယ်ရှိတဲ့ ဘ၀တခုကို ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

ပုဒ်မ ၁၈ နဲ့ မြင်းခြံမှာ ဗကသဟောင်း ၂ယောက်ကို အမိန့်ချ


ကာ/လုံ ဥပဒေကြမ်းအား ကြံ့ခိုင်ရေးအမတ်က လွှတ်တော်တင်ခြင်းဖြစ်

မင်းမင်း

ဒီဇင်ဘာ ၂၁ရက်က အမျိုးသားလွှတ်တော်တွင် အမတ်များအား ဖြန့်ဝေလိုက်သည့် ကာ/လုံဟု လူသိများသော "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ဥပဒေကြမ်းသည် အစိုးရဝန်ကြီးဌာနများက ပေးပို့ထားခြင်းမဟုတ်ဘဲ ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးက တင်ပြထားခြင်းဖြစ်သာဖြစ်သည်ဟု အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

အခြေခံဥပဒေအရ မြန်မာ့နိုင်ငံရေးတွင် အရေးအပါဆုံးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အဆိုပါ ကာ/လုံ ဥပဒေကြမ်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းမှ အမျိုးသားလွှတ်တော် အမတ်ဖြစ်သူ ဦးတင်မြက ဥပဒေအဖြစ်ပြဌာန်းပေးရန် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ထံ ပေးပို့ထားခြင်းဖြစ်သည်ဟု ဆိုသည်။

"ဒါဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုက တင်တာ မဟုတ်ပါဘူး။ ပုဂ္ဂလိက ဥပဒေအနေနဲ့ တင်တာပါ" ဟု ဒေါက်တာမြတ်ဥာဏစိုးက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ရရှိထားသည့် ဥပဒေကြမ်းအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်စီ(ကာ/လုံ)သည် နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲများတွင် အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ သမ္မတထက် အရေးပါမည့် အနေအထားတွင် ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ကာ/လုံကောင်စီတွင် ပါဝင်မည့်သူ ၁၁ဦးတွင် စစ်ဘက်မှ(၆)ဦးပါဝင်ပြီး အရပ်ဘက်မှ (၅)ပါဝင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ရေးဆွဲထားသည်။

စစ်ဘက်မှ (၆)ဦးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သည့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်သားအမတ်တို့ အဆိုပြုသော ဒုသမ္မတတစ်ဦးတို့ဖြစ်ပြီး အရပ်ဘက်မှ (၅)ဦးမှာ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လွှတ်တော်က ရွေးချယ်သော ဒုသမ္မတတစ်ဦးတို့ ဖြစ်သည်။

ထို့ပြင် ကာ/လုံကောင်စီ၏ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များချမှတ်သည့်အခါ သဘောထားကွဲလွဲမှုများရှိပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတသည် မဲပေးခွင့်မရှိဘဲ မဲအရေအတွက် တူညီနေမှသာ မဲပေးခွင့်ရရှိမည်ဟုလည်း ဥပဒေကြမ်းတွင် ပါရှိသည်။

ယင်းဥပဒေကြမ်းအား ကြံ့ခိုင်ရေးအမတ် ဦးတင်မြက လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ထံ ပေးပို့ထားခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းအား လွှတ်တော်အမတ်များထံ ဖြန့်ဝေသည့်ရက်မတိုင်ခင်ကတည်းက ဥပဒေကြမ်းကို လွှတ်တော်တင်မည့် ဦးတင်မြမှာ ကျန်းမာရေးအရ ဆေးခွင့်တွင်ကာ ခွင့်ရက်ရှည် ယူထားချိန်ဖြစ်သည်ဟု ဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။

"ဥပဒေကြမ်းတွေကို ကိုယ်စားလှယ်တစ်ယောက်က တင်လာမယ်ဆိုရင် ကြိုတင်ပြီး ဖြန့်ဝေရမယ်ဆိုတာ ရှိတယ်။ ဒုတိယညွှန်ကြားရေးမှူးချုပ်(အမျိုးသားလွှတ်တော်ရုံး)ကတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာ။ ဒါပေမယ့် တင်မယ့်လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်မှာ ရှိသလား၊ မရှိသလားဆိုတာကို သူ လေ့လာမှု ချော်သွားတာ" ဟု ဆိုသည်။

ယင်းအခြေအနေအပေါ် အမျိုးသားလွှတ်တော်ရုံးထံသို့ မဇ္ဈိမအနေဖြင့် မေးမြန်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် ယင်းဥပဒေကြမ်းအား လွှတ်တော်အမတ်များထံ ကြိုတင်ဖြန့်ဝေထားသည့် အနေအထားသာ ရှိသေးပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် မဆုံးဖြတ်ရသေးသည့်အတွက်ကြောင့်ဟုဆိုကာ ဥပဒေကြမ်းအပေါ် ဝေဖန်၊ သုံးသပ်ရန် စောနေသေးသည်ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

သို့သော် ဥပဒေကြမ်းအား လွှတ်တော်တင်မည့် ဦးတင်မြမှာ ခွင့်ရက်ရှည်ယူထားခြင်းက တစ်ကြောင်း၊ လာမည့် ၂၀၁၆ ဇန်နဝါရီ ၃၀တွင် ပထမကြိမ်လွှတ်တော်သက်တမ်း ပြီးဆုံးမည်ဖြစ်ခြင်းတို့ကြောင့် ဥပဒေအဖြစ် ပြဌာန်းနိုင်ရန် အလားအလာနည်းသည်ဟု ဒေါက်တာမြတ်ဥာဏစိုးက သုံးသပ်ပြောဆိုသည်။

အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကမူ "ဒါကို ခေါင်းထဲမှာ အလေးအနက် သိပ်ပြီးထည့်ထားစရာ မလိုပါဘူး။ ဒါက အခု ပြဌာန်း၊ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDဖွင့်လိုက်ရင် ဒါဟာ မဲဆွဲဆုံးဖြတ်ရတာပဲ။ ဥပဒေဆိုတာ မကောင်းကောင်းအောင် ပြင်ဆင်ကြမှာပဲလေ။ ကျွန်တော်တို့ အခုလွှတ်တော်မှာ လေးကြိမ်လောက်အထိ ပြင်ဆင်တဲ့ ဥပဒေတောင် ရှိတယ်" ဟု သူ့အမြင်ကို မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၈၀ရာခိုင်နှုန်းခန့် အနိုင်ရရှိထားသောကြောင့် လာမည့် ဒုတိယအကြိမ် လွှတ်တော်တွင် အများစု နေရာရလာမည်ဖြစ်သည်။

အစိုးရသစ်နှင့် ဆက်ဆံရေးပြေလည်ရန် မြောက်ကိုရီးယား မျှော်လင်

ရွှေအောင်


မြန်မာအစိုးရသစ်နှင့် အဆင်ပြေပြေ ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Cholက ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၂ ရက်နေ့ ရန်ကုန်မြို့က မြန်မာသတင်းမီဒီယာကောင်စီနဲ့ မြောက်ကိုရီးယား သံအမတ်တို့ တွေ့ဆုံပွဲမှာ ပြောခဲ့တာလို့ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးဖိုးသောကြာက ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ တက်လာမယ့် အန်အယ်လ်ဒီအစိုးရနဲ့ မြောက်ကိုရီးယားတို့ ဆက်ဆံရေးဟာလည်း အဆင်ပြေနိုင်လောက်ပါတယ်လို့ သူက မှတ်ချက်ပေး ပြောပါတယ်။

“ပြေပြေလည်လည် ဆက်ဆံနိုင်လိမ့်မယ်ထင်ပါတယ်၊ အခု သွားနေတဲ့ တောင်ရော မြောက်ရော ဆက်ဆံရေးမှာ တောင်က စီးပွားရေးမှာ တော်တော်လေး နက်နက်ရှိုင်းရှိုင်း ဆက်ဆံနေတာ ရှိတယ်။ အဲ့ဒီအပေါ်မှာ မြောက်ကိုရီးယားက အမြင်မမှားဘူးဆိုရင်ပေါ့လေ၊ ကျနော်ထင်တယ်၊ အန်အယ်လ်ဒီအစိုးရနဲ့ ပြေလည်စရာ အကြောင်း ရှိပါတယ်၊ လေးလေးနက်နက် မဟုတ်သည့်တိုင်အောင် သာမန်ဆက်ဆံရေးကတော့ ကောင်းမွန်မယ်လို့ ယုံကြည်ပါတယ်ဗျ။”

ဇန်န၀ါရီ ၂ ရက်နေ့က မြောက်ကိုရီးယားသံအမတ်နဲ့ မီဒီယာကောင်စီတို့ တွေ့ဆုံမှုဟာ ပထမဆုံးဖြစ်ပြီး နှစ်နိုင်ငံသတင်းသမားတွေ အပြန်အလှန် လည်ပတ်နိုင်အောင် စီစဉ်မယ့်အကြောင်း ပြောသွားတယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံ၊ အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ကို ဗုံးထောင်ဖောက်ခွဲလုပ်ကြံခဲ့မှုနဲ့ အဲ့ဒီတုန်းက မဆလ အစိုးရက မြောက်ကိုရီးယားနဲ့ သံအဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။

နအဖ စစ်အစိုးရခေတ်မှာတော့ မြောက်ကိုရီးယားနဲ့ သံအဆက်အသွယ်ပြန်လုပ်ခဲ့ပြီး မြန်မာဟာ မြောက်ကိုရီးယားထံက နျူကလီယား လက်နက်ဝယ်ယူတယ်လို့ စွတ်စွဲခံခဲ့ရဖူးပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ January,4th,2016

( 20 )မိုင်းရှုးမြို့နယ် အေးချမ်းပြီဖြစ်လို့ ဒုက္ခသည်တွေ နေရပ် ပြန်ခိုင်း

( 19 )ဂန့်ဂေါမြို့နယ်တွင် ပထမဆုံးအကြိမ် အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ်

( 18 ) KIA တပ်သားသစ် စုဆောင်းမှု ရပ်စဲဖို့ SLND တိုက်တွန်း

( 17 ) Myanmar president calls on political forces to work in unity to overcome challenges

( 16 )ဘူးသီးတောင်နဲ့ မောင်တောမှာ စိတ်ကြွဆေးပြား အများအပြား သိမ်းဆည်းရမိ

( 15 )Magnitude-6.7 earthquake hits near India-Myanmar border

( 14 )ရခိုင်ဒေသ တိုက်ပွဲတွေ ရပ်တန့်ရေး ကျောက်တော်ဒေသ ခံတွေ တောင်းဆို

( 13 )Yoma gets lease extension for landmark hotel project in Myanmar

( 12 )သေဒဏ်ကျမြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး မဘသအဖွဲ့ ဆက်လက်ဆန္ဒပြ

( 11 )Powerful magnitude 6.7 earthquake hits northeast India near Myanmar border

( 10 )NCA စာချုပ်ကို ပြန်လည် ညှိနှိုင်းဖို့လိုကြောင်း RCSS အဖွဲ့ ပြောကြား

( 9 )Suu Kyi's silence and Myanmar's future

( 8 )ဖားကန့်ရောက် တရုတ် စက်ယန္တယားကြီးတွေကိစ္စ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ မေးမြန်းခံရ

( 7 )Woodside JV strikes gas at Myanmar block

( 6 )တိုင်းပြည်အတွက် ပူးပေါင်းဆောင် ရွက်ဖို့ အန်အယ်လ်ဒီနဲ့ မဘသ ဆွေးနွေးသဘောတူ

( 5 ) Carriers soup up networks as new rivals come knocking

( 4 )ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့သော ဘုရားရှိခိုးကျောင်းအတွက် မြေနေရာ လိုအပ်

( 3 )Taiwan could introduce workers from Myanmar by June

( 2 )ငဝန်မြစ်ဖြတ်တူးမြောင်း တူးဖော်မှုကြောင့် နစ်နာမှုများအတွက် ဒေသခံများ လျော်ကြေးရယူလို

( 1 ) Death railway museum in Myanmar to showcase life of prisoners of war

Saturday, January 2, 2016

ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒထုတ်ဖော်နေဆဲ


နမ့်ခမ်းတွင် ရွာသားများ ဖမ်းဆီးရိုက်နှက်ခံရဟု တအာင်းအမျိုးသမီးအဖွဲ့ထုတ်ပြန်

ဖနိဒါ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ စေကကင်းကျေးရွာတွင် အစိုးရ တပ်မတော်နှင့် ပန်းဆေးပြည် သူ့စစ်တို့ ဒေသခံ ပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်နေသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်လိုက်သည်။ အစိုးရ တပ်မတော် တပ်ရင်း ၃၂၄ နှင့် ပန်းဆေးပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်း၍ စေကင်းကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မထွက်ပြေးနိုင်သော ဒသခံ အမျိုးသား ၃၈ ဦးအား ဒီဇင်ဘာလ ၂၃ ရက် ဖမ်းဆီး၍ လက်ပြန်ကြိုတုတ်၍ ရိုက်နှက် နှိပ်စက်ခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့က ဆိုထားသည်။

“သူတို့ကို ကြိုးတုတ်ပြီး အမျိုးသားတွေ ဆိုလို့ရှိရင် ခေါင်းတွေကို သေနပ်နဲ့ထုတယ်။ ခြေထောက်နဲ့ နင်းပြီးတော့ စကားလည်း ပေးမပြောဘူး။ ရွာက ဆေးရုံနဲ့ အရမ်းဝေးကြီးဘဲ၊ ရှိတဲ့ ပိုက်ဆံလည်း အကုန်ပါသွားပြီဆိုတော့ မတတ်နိုင်ဘူး။ တိုင်းရင်းဆေးတွေနဲ့ပဲ ကုနေရတယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး လိုည်းပိုးညိုဝ်းက မဇ္ဈိမကို ပြောသည်။ တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေဖြင့် ရွာသားများအား ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာလ ၂၄ ရက်က ရွာသားများထံ သွားရောက်၍ ဒီဇင်ဘာလ ၂၅၊ ၂၆ ရက်များတွင် ကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့ခြင်း၊ ဓါတ်ပုံများ ရိုက်ယူခြင်းများ ပြုလုပ်ခဲ့သည်ဟု သူက ဆိုသည်။

၎င်းရွာသားများအား ဦးခေါင်းပိုင်းများကို ခြေဖြင့် စောင့်ကန်ခြင်း၊ နင်းခြင်းများ ပြုလုပ်ခဲ့သလို၊ အခြား မန်းပူး၊ မန်းပန် ရွာသား စုစုပေါင်း ၇၀ ဦးကိုလည်း အကြောင်းပြချက် မရှိပဲ ဖမ်းဆီးခဲ့သည်ဟု ဒီဇင်ဘာလ ၂၄ ရက်တွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။ ထို့ပြင် ရွာသားများ ပိုင်ဆိုင်သော အစားအသောက်များ၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖြစ်သော တီဗီ၊ ဆိုလာပြားနှင့် ဘက်ထရီ၊ မီးစက်၊ လက်ကိုင်ဖုန်း၊ ရွှေထည်များ၊ ပိုက်ဆံနှင့် ဆိုင်အတွင်းမှ ကုန်ပစ္စည်းများ အပါအဝင် စုစုပေါင်း သိန်း ၂၀၀ ကျပ်ခန့် ရှိမည်ဟု ၎င်းတို့ ပြုစုထားသော စာရင်းများအရ သိရသည်။ ပန်းဆေးပြည်သူ့စစ်နှင့် အစိုးရတပ်မတော်များက လက်နက်ကြီး ပစ်ပေါက်ခဲ့သဖြင့် အမျိုးသားများ ပုန်းနေရာမှ ထွက်လာရန်၊ မထွယ်လာပါက တစ်ရွာလုံး ဓါတ်ဆီလောင်း၍ မီးရှို့ ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သလို၊ ထွက်လာသော အမျိုးသားများအား ကြိုးနှင့် တုတ်၊ မှောက်အိပ်ခိုင်းခြင်း၊ ကျောကုန်နှင့် ခါးကို သေနပ်ဖြင့် ထုခြင်း၊ ခြေတစ်လုံးကိုလည်း ရိုက်နှက်ခြင်း၊ မျက်နှာတွင် နင်းခြင်း၊ နောက်ကျောနှင့် ခါးတွင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု ဖမ်းဆီးခံရသူ ရွာသားတစ်ဦး၏ ပြောဆိုထားသည်။

ရိုက်နှက်ခံခဲ့ရသော ဒေသခံ တစ်ဦးက “ကျနော်တို့ဘာမှ တောင်မသိရဘူး။ တွေ့တာနဲ့ ကြိုးနဲ့တုတ်ထားပြီးတော့ မှောက်ခိုင်းတယ်။ နောက်ကျော၊ ခါး၊ တင်ပါးနှင့် ခြေတလုံးတွေကို ထင်းချောင်းနဲ့ရိုက်တယ်။ ဦးခေါင်းနဲ့ မျက်နှာက သူတို့ စီးထားတဲ့ စစ်ဖိနပ်နဲ့ ကန်တယ်။ နင်းတယ်။ မော့ကြည့်လို့လည်း မရဘူး။ မေးခွန်းမေးလို့လည်း မရဘူး။ မျက်နှာက အချိန်ထိ ရောင်ရမ်းနေတုန်းဘဲ” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကို မသိရသော်လည်း တအာင်းအမျိုးသားတပ်မတော်(TNLA) နှင့် ပါဝင်ပတ်သက်မှု ရှိမရှိ သံသယ ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်မည်ဟု ရွာသားများထံမှ သိရသည်ဟု တအာင်းအမျိုး သမီးအအဖွဲ့အစည်းက ပြောသည်။

နမ်းခမ်းမြို့နယ်ရှိ ရှေ့တန်းအမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် တပ်မမှူးထံ စေကင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဖမ်းဆီး ရိုက်နက် ခံထားရသော ရွာသားများ စုပေါင်း၍ အရေးယူပေးရန် တိုင်ကြားစာကို ဒီဇင်ဘာလ ၂၆ ရက်က ပေးပို့ခဲ့သည်ဟု သူက ပြောသည်။ “ကျမတို့ကတော့ ပို့ထားတဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ရမယ်။ အခုက ဘာပဲဖြစ်ဖြစ် အရင်က စစ်အစိုးရ မဟုတ်တော့ဘူး။ ပြောင်းလဲမှုတွေ ရှိလာပြီဆိုတော့ အမှန်တရားနဲ့ တရားမျှတမှုအတွက်က ရှာရမယ်။ ကျမတို့က သူတို့ တုံ့ပြန်မှုက ရွာသားတွေအတွက် ကျေနပ်နိုင်မှု မရှိဘူး။ ရွာသားတွေအတွက် တရားမျှတမှု မရှိဘူးဆိုရင်တော့ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ ရှိတယ်”ဟု လိုည်းပိုးညိုဝ်းက ပြောသည်။

ဒေသခံများ၏ တိုင်ကြားမှုအပေါ် တာဝန်ရှိသူများက ယခုပြဿနာ မကြီးပွားစေရန်အတွက် နစ်နာသူ ကျေးရွာသားများအတွက် တရားမျှတမှု ရှိရန် ဆောင်ရွက်ပေးစေလိုကြောင်း သူက ဆက်လက် ပြောဆိုသည်။ တအင်းတပ်ဖွဲ့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခြင်း မရှိသေးသလို၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မူကြမ်းကိုလည်း လက်နက်ရေးထိုးရန် အစိုးရဘက်မှ လက်မခံခဲ့ပေ။ ထို့ကြောင့် အစိုးရနှင့် တအာင်းတပ်မတော်တပ်တို့ အကြား နေ့စဉ်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းဖို့  NLD ကမ်းလှမ်းခဲ့ရင် တွေ့ဆုံဆွေးနွေးမည်


လှေမှောက် မြန်မာသင်္ဘောသားများကို ထိုင်းရေတပ် ကယ်တင်

DVB


မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားမယ့် သစ်ခွဲသားတင်လှေတစီး ကပ္ပလီ ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့ပြီးတဲ့နောက် ၂ ရက်အကြာ ပင်လယ်ထဲမျောနေတဲ့ မြန်မာသင်္ဘော သား ၇ ဦးကို ထိုင်းရေတပ်က ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကစ်ခရိုင်နဲ့ ၁၁၀ မိုင်ကွာဝေးတဲ့ ပင်လယ်ပြင်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက အမည်မသိလှေတစီး မတော်တဆတိမ်းမှောက်သွားကြောင်း အမှတ် ၃ ထိုင်းရေ တပ် ပင်လယ်ပြင်ကင်းလှည့်အဖွဲ့ရဲ့ သတင်းပေးချက်အရ အဆိုပါသင်္ဘောကို လိုအပ်တဲ့ အကူ အညီပေးဖို့ ဆိုင်ပူရီလှေကြီးနဲ့ရော ဟယ်လီကော့ပတာတစ်စီးနဲ့ပါ လိုက်လံရှာဖွေကယ်တင်ခဲ့ တာလို့ ဖူးကစ်ခရိုင်ဝန် နိုင်းကျမ်းရုန်း ထိပ်ဖယန်းထားဒါးက ဒီဇင်ဘာလ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ သင်္ဘောကြီးဟာ အောင်သစ္စာ အမည်ရပြီး အလျား ၃၉ ပေရှည်ကာ အကျယ် ၁၈ ပေရှိကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ သစ်ခွဲသားတွေ တင်ပြီး မလေးရှားနိုင်ငံ ပီနံကျွန်းသို့ ဦးတည်သွားနေရာမှာ ၂၉ ရက်နေ့ညက လှိုင်းပုတ်ခံရပြီး သင်္ဘောရဲ့ဝမ်းဗိုက်ပေါက်ကွဲနစ်မြုပ်ခဲ့ တာလို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ လူ ၇ ဦးပါလာပြီး သူတို့တွေကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းမှာ သင်္ဘောမှောက်တဲ့နေရာကနေ မိုင် ၅၀ အကွာမှာ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ အားလုံးမှာ မောပန်းနွမ်းနယ်နေတာကလွဲလို့ အသက်အန္တရယ်ကင်းလွတ်ခဲ့ပြီလို့ ခရိုင်ဝန်က ပြောပါတယ်။

သင်္ဘောပေါ်ပါလာသူတဦးက ထိုင်းရေတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအလွန်တင် ရှိကြောင်း၊ ရေထဲမှာ ၂ ရက်ကြာ စည်ပုံးတွေပိုက်ပြီး ပင်လယ်ထဲမျောနေစဉ် အစာရေ စာပြတ်ပြီး၊ အိမ်ကမိသားစုတွေနဲ့ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်ထားကြောင်း၊ အခုလို ထိုင်းဘက်က လာပြီးကယ်တင်တဲ့အတွက် သေရာက ပြန်ရှင်လာရသလို ဖြစ်နေပြီး ဒါဟာ ထိုင်းနိုင်ငံကပေးတဲ့ နှစ်သစ်ကူးလက်ဆောင်ဖြစ်တယ်လို့ ပြောသွားပါတယ်။

သင်္ဘောမှောက်သွားတဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ထိုင်းဘတ်ငွေ သန်းနဲ့ချီရှိမယ်လို့ ခန့်မှန်းကြောင်း၊ မြန်မာသင်္ဘောသားတွေကို နေရပ်နိုင်ငံပြန်ပို့ဖို့ မြန်မာသံရုံးနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဖူးကစ်ခရိုင်ဝန်က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။