Monday, October 17, 2011

အစိုးရသစ်လက်ထက် ရခိုင်တွင် ဆင်ဖြူတော် တွေ့ ပြန်ပြီ

နိရဉ္စရာ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် မေယူတောင်တွင် နောက်တပ် ဆင်ဖြူတော် တစ်ကောင်ကို တွေ့ရှိကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆင်ဖြူအား အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီခန့်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံ စေတီပြင်ကျေးရွာ အရှေ့ ဘက် ၁ မိုင်ခန့် အကွာရှိ တောတွင်း တစ်နေရာတွင် ဆင်မကြီးနှစ်ကောင် ဘေးမှ ခြံရံလျက် တွေ့ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"ခန်းမှန်းခြေအရ ဆင်ဖြူဟာ အရပ် ၅ ပေ ၅ လက်မရှိမယ်တင်ပါတယ်။ ဆင်က သိပ်မကြီးသေးပါဘူး။ တွေ့တဲ့အချိန်မှာ ဆင်ကြီးနှစ်ကောင်နဲ့ ခြံရံပြီး အစာစားနေတဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်" ဟု ပြောသည်။

အခုတွေ့ရှိခဲ့သော ဆင်ဖြူမှာာ ဆင်ဖြူတော်များတွင် ရှိရမည့် ကြန်အင်လက္ခဏာများနှင့် ပြည့်စုံကြောင်း သိရသည်။

ဆင်ဖြူကို ရခိုင်ပြည်နယ် ငါးစားကျူးကျေးရွာမှ ရွာသားနှစ်ဦးက စတင်တွေ့ရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

၎င်းတို့နှစ်ဦးသည် ဆင်ဖြူတွေ့လျှင် တွေ့ချင်း ကြိမ်ချောင်း သစ်တောရုံးမှ တောခေါင်း ကို အကြောင်း ကြားခဲ့ပြီး တောခေါင်းနှင့် တာဝန်ရှိသူများမှ ဆင်ဖြူ နောက်သို့ လိုက်လံကြည့်ရှု့အကဲခတ်လျက်ရှိကြောင်း သိရသည်။

ယခုအခါ ဘူးသီးတောင် အခြေစိုက် အမှတ် ၂၃၄ တပ်ရင်းမှ တပ်ရင်းမှူးကိုယ်တိုင် အဆိုပါ ဆင်ဖြူအား ဖမ်းဆီးရန် လိုက်လံ ရှာဖွေ နေကြောင်း ဒေသသတင်းတစ်ခုအရ သိရသည်။

ယခုတွေ့ရှိသော ဆင်ဖြူမှာ (၆) ကောင်မြောက် ရခိုင်မှ တွေ့ရှိသော ဆင်ဖြူ ဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ပထမဆုံးတွေ့ရှိသည့် ဆင်ဖြူတော် ဖြစ်သဖြင့် ဖမ်းဆီးရမိရန် အပူ တပြင်း လိုက်လံရှာဖွေနေကြောင်း သိရသည်။

No comments:

Post a Comment