ABC
မြန်မာနိုင်ငံက တီဘီရောဂါပိုးတွေဟာ ဆေးယဉ်ပါးနေပြီဖြစ်တဲ့ အတွက်ကြောင့် နှစ်စဉ် လူပေါင်း ကိုးထောင်နီးပါး ကူစက်ခံနေရတဲ့ဒီရောဂါအတွက် အရေးပေါ် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တီဘီရောဂါပိုးတွေဟာ အခုဆိုရင် ပုံမှန်ကုသနေကြဆေးအတိုင်း ကုသလို့မရတော့တဲ့ အဆင့်ကိုရောက်နေပြီဖြစ်လို့ ဒီရောဂါကိုဆေးကုသဖို့အတွက် ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ကုန်ကျစရိတ်ဈေးကြီးတယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအထိ လူနာပေါင်း ကိုးထောင်နီးပါးက လူဦးရေ ရှစ်ရာလောက်သာ ဆေးကုသမှုရယူနိုင်တယ်လို့ နယ်စည်းမခြားဆရာဝန်များအသင်းကဆိုပါတယ်။ ဒီဆေးမတိုးတော့တဲ့ ရောဂါပိုးကို ကုသနိုင်ပေမယ့် ဆေးစားဆေးထိုးရမဲ့နှုန်းဟာ သာမှန်ထက်ပိုများမှာဖြစ်ပြီး လူအနည်းငယ်သာ ဆေးကုသမှု ခံယူနေကြတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်နှစ်ကုန်ပိုင်းကစပြီး တနိုင်ငံလုံး တီဘီရောဂါပိုးကူးစက်ခံစားနေရတဲ့ လူနာပေါင်း ဘယ်လောက်ရှိမလဲဆိုတာကို စာရင်းကောက်တမ်းပြုစုသွားမှာဖြစ်ပြီး အခုလောလော ဆယ်မှာတော့ ဆေးတိုးမြင့်ကုသနိုင်ဖို့ လူနာငါးရာအတွက်သာ ဆေးရှိတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက တီဘီရောဂါဟာ ကမ္ဘာ့တ၀ှမ်းမှာ အရေးပေါ်ကုသရမဲ့ အခြေအနေ အဆင့်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားခဲ့တာဖြစ်ပြီး အခုချိန်ထိ လူတွေကို သေစေနိုင်တဲ့ရောဂါတွေထဲက ထိပ်ဆုံးအဆင့်မှာရှိနေသေးတယ်လို့ သိရပါတယ်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်ကလူဦးရေး ၁.၆ ဘီလီယံဟာ တီဘီရောဂါပိုးမကူးစက်ဖြန့်ပွားအောင် ကာကွယ်နေရတယ်လို့ ကုသလမဂ္ဂ အေဂျင်စီရဲ့ အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။ ခန့်မှန်းခြေအနေနဲ့ မြန်မာနိုင်ငံမှာ လူပေါင်း တစ်သိန်းမှာ ငါးရာ့ခြောက်ယောက်လောက် ဒီရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။

No comments:
Post a Comment