Friday, August 23, 2013

ဆေးယဉ်ပါး တီဘီရောဂါ အရေးပေါ် ကိုင်တွယ်ရန်လိုဟုဆို

ABC

မြန်မာနိုင်ငံက ​တီဘီရောဂါပိုးတွေဟာ ​ဆေးယဉ်ပါးနေပြီဖြစ်တဲ့ ​အတွက်ကြောင့် ​နှစ်စဉ် ​လူပေါင်း ​ကိုးထောင်နီးပါး ​ကူစက်ခံနေရတဲ့ဒီရောဂါအတွက် ​အရေးပေါ် ​ကိုင်တွယ်ဖြေရှင်းဖို့ ​လိုအပ်နေတယ်လို့ ​ကျန်းမာရေးတာဝန်ရှိသူတွေက ​တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ​တီဘီရောဂါပိုးတွေဟာ ​အခုဆိုရင် ​ပုံမှန်ကုသနေကြဆေးအတိုင်း ​ကုသလို့မရတော့တဲ့ ​အဆင့်ကိုရောက်နေပြီဖြစ်လို့ ​ဒီရောဂါကိုဆေးကုသဖို့အတွက် ​ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ​ကုန်ကျစရိတ်ဈေးကြီးတယ်လို့ ​နယ်စည်းမခြားဆရာဝန်များအဖွဲ့က ​ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ခုနှစ် ​နှစ်ကုန်ပိုင်းအထိ ​လူနာပေါင်း ​ကိုးထောင်နီးပါးက ​လူဦးရေ ​ရှစ်ရာလောက်သာ ​ဆေးကုသမှုရယူနိုင်တယ်လို့ ​နယ်စည်းမခြားဆရာဝန်များအသင်းကဆိုပါတယ်။ ​ဒီဆေးမတိုးတော့တဲ့ ​ရောဂါပိုးကို ​ကုသနိုင်ပေမယ့် ​ဆေးစားဆေးထိုးရမဲ့နှုန်းဟာ ​သာမှန်ထက်ပိုများမှာဖြစ်ပြီး ​လူအနည်းငယ်သာ ​ဆေးကုသမှု ​ခံယူနေကြတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​ဒီနှစ်နှစ်ကုန်ပိုင်းကစပြီး ​တနိုင်ငံလုံး ​တီဘီရောဂါပိုးကူးစက်ခံစားနေရတဲ့ ​လူနာပေါင်း ​ဘယ်လောက်ရှိမလဲဆိုတာကို ​စာရင်းကောက်တမ်းပြုစုသွားမှာဖြစ်ပြီး ​အခုလောလော ​ဆယ်မှာတော့ ​ဆေးတိုးမြင့်ကုသနိုင်ဖို့ ​လူနာငါးရာအတွက်သာ ​ဆေးရှိတယ်လို့ ​မြန်မာနိုင်ငံ ​ကျန်းမာရေး ​၀န်ကြီးဌာနက ​တာဝန်ရှိသူတဦးကပြောပါတယ်။

လွန်ခဲ့တဲ့ ​အနှစ် ​၂၀ ​ကတည်းက ​တီဘီရောဂါဟာ ​ကမ္ဘာ့တ၀ှမ်းမှာ ​အရေးပေါ်ကုသရမဲ့ ​အခြေအနေ ​အဆင့်ရှိနေတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ကြေညာထားခဲ့တာဖြစ်ပြီး ​အခုချိန်ထိ ​လူတွေကို ​သေစေနိုင်တဲ့ရောဂါတွေထဲက ​ထိပ်ဆုံးအဆင့်မှာရှိနေသေးတယ်လို့ ​သိရပါတယ်။

နှစ်စဉ်နှစ်တိုင်း ​ကမ္ဘာပေါ်ကလူဦးရေး ​၁.၆ ​ဘီလီယံဟာ ​တီဘီရောဂါပိုးမကူးစက်ဖြန့်ပွားအောင် ​ကာကွယ်နေရတယ်လို့ ​ကုသလမဂ္ဂ ​အေဂျင်စီရဲ့ ​အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။ ​ခန့်မှန်းခြေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​လူပေါင်း ​တစ်သိန်းမှာ ​ငါးရာ့ခြောက်ယောက်လောက် ​ဒီရောဂါကို ​ခံစားနေရတယ်လို့ ​ဆိုပါတယ်။

No comments: