ABC
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ နိုဝင်ဘာလ နောက်ဆုံးထားပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရေးနဲ့ ပတ်သက်တဲ့ ပြည်သူ့ဆန္ဒ သဘောထား ခံယူသွားမယ်လို့ အောက်တိုဘာ ၁ ရက်နေ့ထုတ် ပါတီရဲ့ ကြေညာချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး NLD နဲ့ တိုင်းရင်းသား ပါတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်ခဲ့တဲ့ အတွက် ပြည်သူ့ ဆန္ဒခံယူဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ကြောင်း ဖွဲစည်းပုံ အခြေခံ ဥ ပ ဒေ ပြင် ဆင် ရေး ကော်မတီ အဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ဖြစ်ပါတယ်။
“NLD ရဲ့ သဘောကတော့ အခြေခံဥပဒေကို ပြင်ချင်ပေမယ့် တချို့ တိုင်းရင်းသားပါတီတွေက အသစ်ရေး ချင်တယ်။ ဒါကြောင့် ပြည်သူဆန္ဒခံယူမယ်လို့ တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံပြီး NLD က ကြေငြာချက် ထုတ်ပြန်ခဲ့တယ်။ နိုဝင်ဘာ နောက်ဆုံး ထားပြီး ပြီးအောင်လုပ်ပါလို့ ပါတီတွင်းမှာ ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။”
တရား ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်သွား နိုင်ရေး အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့မှုကို NLD က ကိုင်စွဲ ထားတုန်း ပဲလို့လည်း ပြောပါတယ်။
ဒီမိုကရေစီစံနှုန်းနဲ့ ညီညွတ်ခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်တွေ၊ ရှေ့နောက်ညီညွတ်ခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်တွေ၊ တိုင်းရင်းးသာတွေရဲ့ အခွင့်အရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံ ထူထောင် ရေးအတွက် အဟန့် အတားဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေ အစရှိသည့်အချက် (၇) ချက်ကို ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်ကတော့ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲ ခြင်းထက် ပြင်ဆင်ခြင်းကသာ လက်တွေ့ ကျနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးကို ပြည်သူ့ဆန္ဒ သဘောထားကောက် ယူမှာဖြစ်ပြီး ရရှိထားတဲ့ ရလဒ်ကို ပြည်ထောင်စုလွှတ်တော်ဆီ တင်ပြသွားဖို့ ရှိကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။
No comments:
Post a Comment