Wednesday, October 2, 2013

အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူမယ်လို့ NLD ဆို

ABC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​(NLD) ​ပါတီကနေ ​နိုဝင်ဘာလ ​နောက်ဆုံးထားပြီးတော့ ​၂၀၀၈ ​ ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ရေး ​(သို့မဟုတ်) ​အသစ် ​ပြန်လည်ရေးဆွဲရေးနဲ့ ​ပတ်သက်တဲ့ ​ ပြည်သူ့ဆန္ဒ ​သဘောထား ​ခံယူသွားမယ်လို့ ​ အောက်တိုဘာ ​၁ ​ရက်နေ့ထုတ် ​ပါတီရဲ့ ​ကြေညာချက် ​တစ်စောင်မှာ ​ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံ ​အခြေခံဥပဒေနဲ့ ​ပတ်သက်ပြီး ​NLD ​နဲ့ ​တိုင်းရင်းသား ​ပါတီတို့ ​တွေ့ဆုံ ​ဆွေးနွေးခဲ့ကြပြီး ​သဘောထား ​မတိုက်ဆိုင်မှုတွေ ​ဖြစ်ခဲ့တဲ့ ​အတွက် ​ပြည်သူ့ ​ဆန္ဒခံယူဖို့ ​ဆုံးဖြတ် ​လိုက်တာ ​ဖြစ်ကြောင်း ​ဖွဲစည်းပုံ ​အခြေခံ ​ဥ ​ပ ​ဒေ ​ပြင် ​ဆင် ​ရေး ​ကော်မတီ ​အဖွဲ့ ​ခေါင်းဆောင် ​ဦးထွန်းထွန်းဟိန်က ​ ဖြစ်ပါတယ်။

“NLD ​ရဲ့ ​သဘောကတော့ ​အခြေခံဥပဒေကို ​ပြင်ချင်ပေမယ့် ​တချို့ ​တိုင်းရင်းသားပါတီတွေက ​အသစ်ရေး ​ချင်တယ်။ ​ဒါကြောင့် ​ပြည်သူဆန္ဒခံယူမယ်လို့ ​တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံပြီး ​NLD ​က ​ကြေငြာချက် ​ထုတ်ပြန်ခဲ့တယ်။ ​နိုဝင်ဘာ ​နောက်ဆုံး ​ထားပြီး ​ပြီးအောင်လုပ်ပါလို့ ​ပါတီတွင်းမှာ ​ညွန်ကြားချက် ​ထုတ်ပြန်ထားပါတယ်။” 

တရား ​ဥပဒေ ​စိုးမိုးရေး၊ ​ပြည်တွင်း ​ငြိမ်းချမ်းရေးနှင့် ​စစ်မှန်သော ​ဒီမိုကရေစီ ​နိုင်ငံတော် ​တည်ဆောက်သွား ​နိုင်ရေး ​အတွက် ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေကို ​ပြင်ဆင်ဖို့မှုကို ​NLD ​က ​ကိုင်စွဲ ​ထားတုန်း ​ပဲလို့လည်း ​ပြောပါတယ်။

ဒီမိုကရေစီစံနှုန်းနဲ့ ​ညီညွတ်ခြင်းမရှိတဲ့ ​ပြဋ္ဌာန်းချက်တွေ၊ ​ရှေ့နောက်ညီညွတ်ခြင်းမရှိတဲ့ ​ ပြဋ္ဌာန်းချက်တွေ၊ ​တိုင်းရင်းးသာတွေရဲ့ ​အခွင့်အရေးနဲ့ ​စစ်မှန်တဲ့ ​ပြည်ထောင်စုနိုင်ငံ ​ထူထောင် ​ရေးအတွက် ​အဟန့် ​အတားဖြစ်နေတဲ့ ​ပြဋ္ဌာန်းချက်တွေ ​အစရှိသည့်အချက် ​(၇) ​ချက်ကို ​ပြင်ဆင်ရမယ်လို့ ​ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ​(KNU) ​ဗဟိုကော်မတီအဖွဲ့ဝင် ​ဖဒိုမန်းငြိမ်းမောင်ကတော့ ​အခြေခံဥပဒေကို ​အသစ်ပြန်လည် ​ရေးဆွဲ ​ခြင်းထက် ​ပြင်ဆင်ခြင်းကသာ ​လက်တွေ့ ​ကျနိုင်မှာ ​ဖြစ်တယ်လို့ ​ပြောဆိုခဲ့ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ရေး ​(သို့မဟုတ်) ​အသစ်ရေးဆွဲရေးကို ​ပြည်သူ့ဆန္ဒ ​သဘောထားကောက် ​ယူမှာဖြစ်ပြီး ​ရရှိထားတဲ့ ​ရလဒ်ကို ​ပြည်ထောင်စုလွှတ်တော်ဆီ ​တင်ပြသွားဖို့ ​ရှိကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: