ABC
ကချင်ပြည်နယ်၊ မန်စီမြို့၊ နမ့်လင်းပါရွာအနီးတ၀ိုက်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ကွယ်လွန်သူ အနုပညာရှင် ခင်မောင်တိုးရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချပြီး ရန်ပုံငွေရှာသွားမယ်လို့ အဖြူရောင်တွဲလက်များ အဖွဲ့က ပြောပါတယ်။
အဲ့ဒီ ရန်ပုံငွေရှာပွဲကို နိုဝင်ဘာ (၂၉) ရက် နေ့ ရွှေ ရှမ်း ကန် စားသောက်ဆိုင်မှာ ကျင်းပသွားမှာဖြစ်ပြီး အဆိုတော် ခိုင်ထူး၊ ရင်ဂို၊ ဂျေမောင်မောင်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ရိန်မိုး၊ ကော်နီစတဲ့တးသံရှင်တွေကလည်း ဖျော်ဖြေ သွားမယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ အ၀တ်အထည်တွေ အဓိက လိုအပ်နေတဲ့ အတွက် ခုလို ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မန်စီမြို့ နမ့်လင်းပါရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူ နှစ်ထောင်လောက် မန်ဝိုင်းကြီး ဒုက္ခသည်စခန်းမှာ သွားရောက်ခိုလှုံနေတဲ့အတွက် ခုအခါ မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်း ၂ ခုမှာ ဒုက္ခသည် စုစုပေါင်းငါးထောင် ၀န်းကျင်ခန့် ရှိနေတယ်လို့ မြစ်မခသတင်းအရ သိရပါတယ်။
No comments:
Post a Comment