Monday, November 25, 2013

တေးဆိုခင်မောင်တိုးရဲ့ ပစ္စည်းတွေရောင်းပြီး ကချင်ဒုက္ခသည်အတွက် ရန်ပုံငွေရှာမယ်

ABC

ကချင်ပြည်နယ်၊ ​မန်စီမြို့၊ ​နမ့်လင်းပါရွာအနီးတ၀ိုက်က ​စစ်ဘေးရှောင်ပြည်သူတွေအတွက် ​ကွယ်လွန်သူ ​အနုပညာရှင် ​ခင်မောင်တိုးရဲ့ ​အသုံးအဆောင်ပစ္စည်းတွေကို ​ရောင်းချပြီး ​ရန်ပုံငွေရှာသွားမယ်လို့ ​အဖြူရောင်တွဲလက်များ ​အဖွဲ့က ​ပြောပါတယ်။

အဲ့ဒီ ​ရန်ပုံငွေရှာပွဲကို ​နိုဝင်ဘာ ​(၂၉) ​ရက် ​နေ့ ​ရွှေ ​ရှမ်း ​ကန် ​စားသောက်ဆိုင်မှာ ​ကျင်းပသွားမှာဖြစ်ပြီး ​အဆိုတော် ​ခိုင်ထူး၊ ​ရင်ဂို၊ ​ဂျေမောင်မောင်၊ ​ကိုနေ၀င်း၊ ​ကိုရဲလွင်၊ ​ရိန်မိုး၊ ​ကော်နီစတဲ့တးသံရှင်တွေကလည်း ​ဖျော်ဖြေ ​သွားမယ်လို့ ​သိရပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ​အစားအသောက်နဲ့ ​အ၀တ်အထည်တွေ ​အဓိက ​လိုအပ်နေတဲ့ ​အတွက် ​ခုလို ​ရန်ပုံငွေရှာဖွေပွဲ ​ပြုလုပ်တာ ​ဖြစ်ပါတယ်။

ကချင်ပြည်နယ် ​မန်စီမြို့ ​နမ့်လင်းပါရွာမှာ ​ဖြစ်ပွားခဲ့တဲ့ ​တိုက်ပွဲကြောင့် ​စစ်ဘေးရှောင်နေရသူ ​နှစ်ထောင်လောက် ​မန်ဝိုင်းကြီး ​ဒုက္ခသည်စခန်းမှာ ​သွားရောက်ခိုလှုံနေတဲ့အတွက် ​ခုအခါ ​မန်ဝိုင်းကြီးဒေသရှိ ​ဒုက္ခသည်စခန်း ​၂ ​ခုမှာ ​ဒုက္ခသည် ​စုစုပေါင်းငါးထောင် ​၀န်းကျင်ခန့် ​ရှိနေတယ်လို့ ​မြစ်မခသတင်းအရ ​သိရပါတယ်။

No comments: