Friday, December 27, 2013

မလေးရောက် မြန်မာ နဲ့ အင်ဒို ပဋိပက္ခ ဖြစ်

ABC

မလေးရှားနဲ့ ​ဘရူနိုင်းနယ်စပ်မှာရှိတဲ့ ​သဘောင်္ကျင်း ​စက်ရုံ ​တခုမှာ ​အလုပ်လုပ်နေကြတဲ့ ​မြန်မာအလုပ်သမားတွေဟာ ​မြန်မာလူမျိုးနှစ်ဦးနဲ့ ​အင်ဒိုနီးရှားလူမျိုးနှစ်ဦးတို့ ​စကားများရာကနေ ​စခဲ့တဲ့ ​ပြဿနာကြောင့် ​ဒီဇင်ဘာလ ​၂၃ ​ရက်နေ့က ​စပြီး ​စက်ရုံနံဘေးက ​ဂိုဒေါင်ထဲမှာ ​ပုန်းအောင်း ​နေထိုင်နေကြရတယ်လို့ ​သတင်းရရှိပါတယ်။

အဲဒီ ​ကုမ္ပဏီမှာ ​လုပ်ကိုင်နေကြတဲ့ ​မြန်မာအလုပ်သမားပေါင်း ​၉၇ ​ဦးရှိပြီး ​အင်ဒိုနီးရှား ​အလုပ်သမားပေါင်း ​ငါးရာ ​နီးပါးရှိတာကြောင့် ​အင်အားချင်းမမျှတဲ့အတွက် ​မိမိတို့ ​အသက်အန္တရာယ်ကို ​စိုးရိမ်နေကြရလို့ ​အခုလိုမျိုး ​ရုံးနံဘေးက ​ဂိုဒေါင်ထဲမှာ ​နေထိုင်နေရတာလို့ ​သိရပါတယ်။

အခုလို ​အကူအညီမဲ့နေတဲ့ ​မြန်မာနိုင်ငံသားတွေဟာ ​မလေးရှားနိုင်ငံကို ​တရားဝင် ​နိုင်ငံကူးလက်မှတ်တွေနဲ့ ​ရောက်လာကြသူတွေ ​ဖြစ်ပြီး ​သူတို့ကို ​အကူအညီပေးဖို့ ​မြန်မာသံရုံးနဲ့ ​လူမှုရေး ​အသင်း ​အဖွဲ့တွေဆီကို ​အကူအညီတောင်းခံခဲ့ကြတယ်လို့ ​ဆိုပါတယ်။

အလုပ်သမားတွေရဲ့ ​လုံခြုံရေး ​ကိစ္စအတွက် ​ဒီအလုပ်သမား ​တွေကို ​စေလွှတ်တဲ့ ​ရန်ကုန် ​အခြေစိုက် ​အေးဂျင် ​ကုမ္ပဏီ ​အာဘာဖီ ​ကုမ္ပဏီ ​နဲ့ ​မလေးရှားမှာ ​ရှိတဲ့ ​မြန်မာ ​အလုပ်သမား ​အရာရှိတို့က ​ဒီကိစ္စအတွက် ​ပူးပေါင်း ​လုပ်ဆောင်နေကြတဲ့ ​အပြင် ​နိုင်ငံခြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီးကိုယ်တိုင် ​ဦးစီးပြီး ​မလေးနှင့် ​ဘရူနိုင်းမှာရှိတဲ့ ​မြန်မာသံရုံးတွေကနေတဆင့် ​၂ ​နိုင်ငံအစိုးရတွေနဲ့ ​ဆက် ​သွယ်ပြီး ​အကာအကွယ်ပေးနိုင်ဖို့အတွက် ​ဆောင်ရွက်နေကြောင်း ​မြန်မာ ​သမ္မတရုံး ​ညွှန်ကြားရေးမှူး ​ဦးဇော်ဌေး ​က ​လူမှုကွန်ယက် ​အင်တာနက် ​စာမျက်နှာ ​ပေါ်မှာ ​ရေးသား ​ဖော်ပြ ​ထားပါ ​တယ်။

လောလောဆယ်မှာတော့ ​အဲဒီ ​သင်္ဘောကျင်း ​စက်ရုံကို ​ပိတ်ထားရတယ်လို့ ​သတင်းရရှိပါတယ်။

No comments:

Post a Comment