ရခိုင် ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ သဲချောင်းကျေးရွာ၌ သြဂုတ်လ ၃၁ ရက်နေ့က ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတလုံး ပေါက်ကွဲမှုဖြစ်ပွားရာ ကလေး ၂ ဦးနှင့် လူကြီး ၅ ဦး သေဆုံးသွားသည်။
စစ်တွေမြို့နှင့် ၅ မိုင်ခန့်ဝေးသော၊ အစ္စလမ်ဘာသာဝင်များ နေထိုင်သည့် သဲချောင်းကျေးရွာတွင် ဗုံးပေါက်ကွဲခဲ့ရာ အသက် ၁၀ နှစ်အရွယ် မောင်ချမ်းသာ နှင့် ၁၂ နှစ်အရွယ် ယာဇာမူဆာတို့အပါအ၀င် ၇ ဦးသေဆုံးခဲ့သည်။
ဗုံးပေါက်ကွဲရခြင်းအကြောင်းမှာ ယင်းအရာဝတ္ထုကို ဗုံးမှန်းမသိကြဘဲ အလေးချိန်ဖြင့် ရောင်းချရန် ထုခွဲရာမှ ပေါက်ကွဲ သေဆုံးခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်အတွင်းမှ ကျန်ရှိခဲ့သော ဗုံးများသည် ရခိုင်ပြည်နယ်ရှိ တခြားသော မြို့နယ်၊ ကျေးရွာများတွင်လည်း ရှိကြောင်း၊ ပြီးခဲ့သည့် နှစ်အနည်းငယ်ကလည်း မြောက်ဦးမြို့နယ်၌ ပေါက်ကွဲခဲ့သေးကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့အမှတ် (၁) ရဲစခန်းကို ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း
ဖြေဆိုခြင်း မရှိပေ။
1 comment:
သန်းချီတန်တဲ့ အဏုမြူဗုံးကြီး အိမ်ပေါ်ကို ကျလာပါစေလို့ ဆုတောင်းသလိုဖြစ်နေပြီ။ ဒုတိယ ကမ္ဘာစစ်က ဗုံးကလည်း အခုချိန်ထိ ဒေါင်ဒေါင်မြည်ပါလားဟ။
Post a Comment