အေးနိုင်
မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဘိန်းအထွက် တိုင်းတာရေးနဲ့ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအေဂျင်စီ ထူထောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ်ကို လက်မှတ် ထိုးကြတယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
ဒီသဘောတူစာချုပ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေ ရိကန် ပြည်ထောင်စုသံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ နေပြည်တော်မှာ မနေ့က လက်မှတ်ထိုးတာ ဖြစ်ပါတယ်။
မြန်မာအစိုးရ မူးယစ်ဗဟိုက ရဲအုပ်မြင့်လတ်သိန်းက “မနေ့ကမှ နားလည်မှုစာချွန်လွှာလက်မှတ် ထိုးတာပါ။ ဘာမှ အကောင်အထည်မဖော်ရသေးပါဘူး” လို့ ပြောပါတယ်။
မြန်မာ့အလင်းသတင်းစာရဲ့ မေးမြန်းချက်ကို အမေရိကန်သံအမတ်ကြီးက ဖြေဆိုချက် မှာတော့ မူးယစ်ဆေးဝါး တိုင်းတာလေ့လာမှုကို လာ မယ့်သီတင်းပတ်ထဲမှာ စတင်နိုင်မယ်လို့ မေ်ွာ်လင့်တယ်လို့ ဖြေထားပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီထူထောင်ခြင်းနဲ့ ပတ်သက်လို့ကတော့ အချင်းချင်း ညှိနှိုင်းကြရဦးမှာဖြစ်ပြီး ဒီနှစ်ကုန် သို့မဟုတ် လာ မယ့်နှစ်တွင်းမှာဖြစ်လိမ့်မယ်လို့ ထင်ကြောင်း မစ္စတာ ဒဲရစ်မစ်ချယ်က ပြောပါတယ်။
မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဘိန်းအထွက်တိုင်းတာရေးကို ၁၀ ကြိမ် ပူးတွဲလုပ်ဆောင်ခဲ့ဖူးပါတယ်။ ၂၀၀၄ ခုနှစ်မှာ အဲဒီအစဉ်ကို ဆိုင်းငံ့ထားရာက အခု ပြန်စမှာဖြစ်ပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံဟာ ၆ နှစ်အတွင်း ဘိန်းနဲ့ စိတ်ကြွဆေးပြား ထုတ်လုပ်မှု မြင့်တက်တယ်လို့ ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ဘိန်းစိုက်ပျိုးမှု စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းက ကချင်ပြည်နယ်မှာ ဖြစ်ကြောင်း၊ ပြည်နယ် ၂ ခုလုံးဟာ ဒေသမတည်ငြိမ်တဲ့ ပဋိပက္ခနယ်မြေအဖြစ် ရှိနေကြောင်းနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ဘဝရပ်တည်ရေး မပြေလည်မှုတွေဟာ ဒေသခံတွေကို ဘိန်းစိုက်ပျိုးအောင် တွန်းပို့နေတယ်လို့ သတိပေးခဲ့ပါတယ်။
စစ်အစိုးရလက်ထက်တုန်းက ဘိန်းကင်းစင်ရေး နှစ်တိုနဲ့ နှစ်ရှည်စီမံချက်တွေ အကောင်အထည်ဖော်ပေမယ့် မအောင်မမြင် ဖြစ်ခဲ့ရတာကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကအတိုင်းပဲ မြန်မာ နိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းအထွက်ဆုံးနိုင်ငံ အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။
No comments:
Post a Comment