Tuesday, July 15, 2014

တရားစွဲဆိုခံထားရသော ကယားတောင်သူများအား ရဲမှလာရောက်စစ်ဆေးမှု ရုတ်သိမ်း

နေထူး

ကယားပြည် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှ ပိုက်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခံထားရသော တောင်သူ ၁၉၀ ဦးအား ယနေ့ ဇွန်လိုင်လ ၁၂ရက်နေ့တွင် လာရောက်စစ်ဆေးရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

အစိုးရတပ်မှ ဆိုလျားကူးတောင်သူများအား ပိုက်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထားသည့်အပေါ် အစိုးရနှင့်အပစ်ခတ်ရပ်သဘောတူလက်မှတ်ရေး ထိုးထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အပါအ၀င် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကရင်နီ အမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကယန်းပြည်သစ်ပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ - ကယားပြည်နယ်၊ ကယန်းအမျိုးသားပါတီ၊ ကယားပြည်၈၈မျိုးဆက်အင်အားစု စသည့်အဖွဲ့အစည်းများနှင့်အတူ အမျိုးသမီးနှင့်ကျောင်းသားလူငယ်အဖွဲ့အစည်း စုစုပေါင်း အဖွဲ့အစည်းပေါင်း ၂၀ကျော်တို့က ကန့်ကွက် ကြေငြာချက် ထုတ်ပြန်ထားသည့်အတွက် ဖြစ်နိုင်ကြောင်း တရားစွဲဆိုခံထားရသည့် တောင်သူတို့၏ခေါင်းဆောင် ခူးတူရယ်ကပြောသည်။

ဆိုလျားကူးရွာကတောင်သူ ၁၉ ၀ ဦးကိုရဲများမှ ဇွန်လိုင်လ ၁၂ရက်နေ့တွင် လာရောက်စစ်ဆေးမေးမြန်းမှုပြုလုပ်မည်ဖြစ်သည့်အကြောင်း ဖရူဆိုရဲချုပ်မှ ရွာသားများအား ဖုန်းဖြင့်ကြိုတင် ဆက်သွယ်၍အကြောင်းကြား ထားခဲ့ခြင်းဖြစ်သည်။

ဆိုလျားကူးတောင်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေ ဧက ၁၃၀၀ ကို ခမရ ၅၃၁ တပ်က တပ်ပိုင်မြေအဖြစ်သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းခံမြေယာများ အပေါ် ပြန်လှည်စိုက်ပျိုးစားသောက်နိုင်ရန် တောင်သူမှားမှထွန်တုံးတိုက်ပွဲ တရပ်ကို ယခုနှစ်မိုးဦးအချိန်ကစပြီးစတင်ဆင်နွဲလာခဲ့သည့်အတွက် တပ်ဘက်မှယခုလို ပိုက်နက်ကျူးလွန်မှုဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

No comments:

Post a Comment