Monday, May 11, 2015

အချုပ်အခြာအာဏာ ထိပါးစေသည့်အချက်မှလွဲရွေ့ ငြိမ်းချမ်းရေးစာချုပ်ပါ အချက်များ ညှိနှိုင်းပေးမည်ဟု ဦးအောင်မင်းပြော

မဇ္ဈိမ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းပါ အချက်များတွင် ခွဲထွက်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးစေသည့်အချက်မှလွဲ ပြီး တစ်ခြားမည်သည်အချက်မဆို ညှိနှိုင်းပြင်ဆင်ပေးနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ဧပြီ ၉ ရက်ညနေပိုင်းတွင် ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သံသယမရှိရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက်လည်း စိုးရိမ်မှုမရှိရန် ဦးအောင်မင်းကဆိုသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးပါက မတရားသင်းပုဒ်မ ၁၇(၁) ကိုလည်း ပယ်ဖျက်ပေးမည်ဟု ဦးအောင်မင်းက ကတိပေးခဲ့သည်။

မေ ၉ ရက် အင်းယားလိတ်ဟိုတယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၆၅ ပါတီမှ ပါတီခေါင်းဆောင် များနှင့် ဆွေးနွေးစဉ် ဦးအောင်မင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ မူတူးစေဖိုးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး "၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ရန် အချိန်ဆွဲမနေဘဲ ပူးပေါင်းဆောင်ရွက်ရန်" တိုက်တွန်းခဲ့သေးသည်။

ယခင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူခဲ့ကြသည့် ကတိကဝတ်များကို စာရွက်ထဲတွင်မထားဘဲ အမှန်တစ်ကယ် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်များအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ အလျင်အမြန် ကျင်းပနိုင်ရန်ဟူသည့် ကတိပြုချက်ကို အကောင်အထည်ဖေါ်ရန် ရမည်ဟုလည်း သူကဆိုသည်။

No comments: