Monday, May 11, 2015

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲသည် အခြေခံဥပဒေပြင်ရေးအတွက် ဟန်ပြသာ ဖြစ်နေဟု ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ပြော

စိုးသန်းလင်း

မေ ၁၁ တွင် ပြန်စမည့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများတွင် အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးကြမည် ဆိုသော်လည်း ထိရောက်စွာ ပြင်နိုင်မည်မဟုတ်ကြောင်းနှင့် ထိုသို့ ပြင်ဆင်နိုင်ရေး၏အဓိက သော့ချက်သဖွယ်ဖြစ်သည့် ခြောက်ပွင့်ဆိုင် တွေ့ ဆုံခြင်းမှာလည်း ဟန်ပြသာ ဖြစ်နေကြောင်း ပြည်သူ့ လွှတ်တော်ဥပဒေ ကြမ်းကော်မတီဥက္ကဌ သူရဦးအောင်ကိုက မဇ္ဈိမကို ပြောသည်။

“ခြောက်ပွင့်ဆိုင်တွေ့ ပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အတိုးအလျော့တချို့ လုပ်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်၊ ဒါပေမယ့် တည့်တည့်ပြော ရရင် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တော့ ဟန်ပြလို့ပဲ ထင်ပါတယ်၊ အစိုးရအဖွဲ့ ဟာ အခြေခံဥပဒေကို မပြင်ချင်သလို လွှတ်တော်ထဲကပြည်ခိုင်ဖြိုး ပါတီ ထိပ်ပိုင်း အမတ်တချို့ ကလည်း မပြင်ချင်ကြဘူး၊ ဒီလိုသာ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့် ပြန့် မပြင်နိုင်ရင် တိုင်းရင်းသားတွေ မျှော်လင့်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စုက အလှမ်းဝေးနေဦးမှာပဲ” ဟု ပြောသည်။

ခြောက်ပွင့်ဆိုင်တွေ့ ဆုံရေးအတွက် ပြည်ထောင်စုလွှတ်တော်က စတင်ဆုံးဖြတ်ခဲ့စဉ် အစိုးရအဖွဲ့ က ၄၈ ပွင့် တွေ့ ဆုံပွဲ ပြုလုပ်ခြင်း၊ ရန်ကုန်တိုင်းလွှတ်တော်က ၁၂ ပွင့်ဆိုင်တွေ့ ဆုံရေးကို အတည်ပြုလာခြင်း စသည့်အခြေအနေများကိုကြည့်လျှင် ခြောက်ပွင့်ဆိုင်တွေ့ ရေးကို ရှောင်လွှဲလိုကြောင်း သိသာသည်ဟု နိုင်ငံေ ရးလေ့လာသုံးသပ်သည့် အဖွဲ့ များက ပြောဆိုကြကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ထပ်မံတောင်းဆိုတော့မှ မလွှဲမရှောင်သာသောကြောင့် အစိုးရအဖွဲ့ က လက်ခံခဲ့သည်မှာ ထင်ရှားကြောင်းလည်း သူရဦးအောင်ကိုက ပြောသည်။

“ဥပဒေပြုရေးတာဝန်ဟာ လွှတ်တော်ရဲ့ တာဝန်သာဖြစ်တယ်လို့ အစိုးရအဖွဲ့ အကြီးအကဲက ပြောခဲ့တယ်၊ ဒီလို ပြင်တဲ့အခါမှာ အခန်း ၁၂၊ ပုဒ်မ ၄၃၆နဲ့ အညီပြင် ရမှာဖြစ်တယ်လို့ လည်း ပြောခဲ့တယ်။ ပြင်လို့ မရနိုင်တဲ့နည်းလမ်းနဲ့ ပြင်ဖို့ သဘောတူခြင်းဟာ မပြင်ချင်ဘူးဆိုတဲ့ အဓိပါယ်သက်ရောက်ပါတယ်၊ အုပ်ချုပ်ရေး ပိုင်းက အခြေခံဥပဒေကို တကယ် မပြင်ချင်ဘဲ တာန်ကျေ ဟန်ပြလုပ်နေတာ၊ ဒါကြောင့် လာမယ့် ခြောက်ပွင့်ဆိုင်တွေ့ ဆုံပွဲတွေဟာလည်း ဟန်ပြပဲဖြစ်မယ် လို့ ယူဆပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ အမှူဆောင်ကော်မတီဝင်လည်း ဖြစ်သည့် သူရဦးအောင်ကိုက ပြောသည်။

သင်္ကြန်မတိုင်မီက ကျင်းပခဲ့သည့် လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးများတွင် တပ်မတော်သား ကိုယ်စားလှယ်က တင်သွင်းခဲ့သည့် ဖွဲ့ စည်းပုံအခြေခံ ဥပဒေ နောက်ဆက်တွဲ ဇယား ၁၊ ၂၊ ၃ နှင့် ၅ တို့ အမှန်တကယ် အသက်ဝင်ရေးအတွက် လိုအပ်သော နည်းဥပဒေများ ထုတ်ပြန်ရန် ဟူသည့် အရေးကြီး အဆို မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာဏာ ခွဲဝေပိုင်းခြား စီရင်ပိုင်ခွင့်ကို ဖော်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ သို့ ရာတွင် ပုဒ်မ ၄၃၆ အောက်ရှိ အဓိကကျသော အချက်များအပါအ၀င် အခြေခံဥပဒေကို ကျယ်ကျယ်ပြန့် ပြန့် မပြင်လိုသဖြင့် တိုင်းရင်းသားများ ကျေနပ်ရန်သာစတိ သဘော လိုက်လျောခြင်းသာဖြစ်သောကြောင့် “နောက်ဖေးပေါက်က တက်ပြီး နိုင်ငံရေး လာဘ်ထိုးမှုပုံစံမျိုးသာ” ဖြစ်သည်ဟု ပြည်တွင်း အဖွဲ့ အစည်း များက ဝေဖန် သုံးသပ်ထားကြောင်းလည်း သူက ဆိုသည်။

ထိုသို့ တပ်မတော်သား ကိုယ်စားလှယ်တို့ ၏တင်ပြမှုသည် တပ်ချုပ်၏ သဘောထားပင် ဖြစ်ရာ ခြောက်ပွင့်ဆိုင်တွေ့ ဆုံပွဲ၏ အခြေခံဥပဒေ ပြင်ဆင်ရေး ရလဒ် မှာ မထိရောက်နိုင်ဘဲ ဟန်ပြသာ ဖြစ်နိုင်သည်ဟု ထောက်ပြခဲ့သည်။

No comments: