Thursday, May 28, 2015

တယ်လီနောကလည်း အင်တာနက်နှုန်းထားခများလျော့ကျ

မဇ္ဈိမ

ပုဂ္ဂလိက ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောကလည်း အင်တာနက် နှုန်းထားခများကို မေ ၂၇ရက်မှ စကာ လျော့ချမည်ဖြစ်ပြီး ပုံမှန် My အင်တာနက် ယခင် 1MB ခြောက်ကျပ် မှ ငါးကျပ်သို့ လျော့ချလိုက်ပြီး မြန်နှုန်းမြင့်အင်တာနက် အတွက် ၁၀ကျပ် ကောက်ခံနေရာမှ ၆ကျပ်သို့ လျော့ချလိုက်ခြင်း ဖြစ်သည်။

“တယ်လီနောအနေနဲ့ ရိုးရှင်းပွင့်လင်းဆုံး ဈေးနူန်းတွေနဲ့အတူ မြို့ရွာ အတော်များများကို နောက် သုံးလေးနှစ်အတွင်း ရောက်ရှိနိုင်မယ့် ကွန်ယက်ချိတ်ဆက်မှုနဲ့ ၀န်ဆောင်မှုတွေကို ဆက်လက်ပေးသွားမှာပါ။” ဟု တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr Petter Furberg က မေ ၂၆ရက်က ထုတ်ပြန်ချက်တွင်ပြော ကြားထားသည်။

တယ်လီနော၏ MyInternet အတွက် အပတ်စဉ်သုံးနှင့် လစဉ်သုံး ပက်ကေ့ခ်ျများကိုလည်း 110MB အတွက် ၅၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ၊ 500MB အတွက် ၁၉၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။ Smart Internet အတွက် ပက်ကေ့ခ်ျ နှစ်မျိုးရှိပြီး 1250MB အတွက် ၆၆၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး 2400MB ၁၁၉၀၀ ကျပ်ဖြစ် သည်။

MyInternet မှာ တယ်လီနော ဆင်းကတ် စတင်အသုံးပြုသူတိုင်းအတွက် အဆင်သင့်အသုံးပြုနိုင်သော အမျိုးအစား ဖြစ်ပြီး Smart Internet သို့ ပြောင်းလဲ အသုံးပြု လိုလျှင် 500 သို့ smart ဟု မက်ဆေ့ခ်ျပို့ရမည်ဖြစ်သည်။

ပုဂ္ဂလိက ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးက ၎င်း၏ အင်တာနက် နှုန်းထားခများကို 1MB လျှင် ၁၀ကျပ်မှ ၆ကျပ်သို့ လျော့ချလိုက်ကြောင်း ထုတ်ပြန်သည့်နေ့ တွင်ပင် တယ်လီနောကလည်း ယခုလို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ သုံးခရှိပြီး မြန်မာ့ဆက်သွယ်ရေး (MPT)၏ မြန်နှုန်းမြင့် အင်တာနက် (ဆွေသဟာ)သည် 1MB လျှင် ၁၅ကျပ် ဖြစ်ပြီး ရိုးရိုးအင်တာနက်မှာ တစ်မိနစ်လျှင် GSM အတွက် ၂ကျပ်၊ WCDMA အတွက် ၄ကျပ်ဖြစ်သည်။

No comments: