သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
" ဒီ မိုကရေစီ လုပ်ငန်းစဉ် များတွင် နိုင်ငံသားများ ပါဝင်ခြင်းနှင့် ပြည်သူ့ နီတိပညာ ပေးလုပ်ငန်း စဉ်များ " အတွက် ပူးပေါင်း ညှိနှိုင်း ဆွေးနွေး ပွဲအား ကုလသ မဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ သျှမ်းပြည်နယ်(တောင် ပိုင်း) အရပ်ဘက် လူမှုအဖွဲ့ အစည်း ကွန်ရက်များနှင့် သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ဆွးနွေးပွဲအား မေလ (၁၂) ရက်နေ့ အင်္ဂါနေ့တွင် ပြုလုပ်မည်ဖြစ်ပါသည်။
သျှမ်းပြည် (တောင်ပိုင်း) အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်များ နှင့် သျှမ်းပြည်နယ် ရွေး ကောက်ပွဲ ကော်မရှင်တို့အကြားတွင် အပြန်အလှန်ဆွေး နွေး ညှိနှိုင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း လာစေ ရန် ၊ ဆွေးနွေးပွဲတက် ရောက်လာသူကိုယ်စားလှယ်များမှ သျှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ သက် ဆိုင်ရာ ခရိုင်၊ မြို့နယ် ၊ မြို့ ၊ ရပ်ကွက် ၊ ကျေးရွာ အလိုက်ပြည်သူ့ နီတိပညာပေးလုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်ပေးသွားရန် ရည်ရွယ်သည်ဟုသိရသည်။
" ၂၀၁၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာချင်လို့ CSO တွေနဲ့ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်တယ်။ ဘယ်မြို့နယ်မှာ ဘယ် CSO တွေ ၀င်မလဲဆိုတာတွေညှိနှိုင်းဆွေးနွေးကြပြီး ရွေး ကောက်ပွဲနဲ့ပတ်သက်တဲ့ အသိပညာ တွေဝေမျှမှာဖြစ်တယ်" ဟုပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ၊ ပြည်နယ်ဒုညွှန်ကြားရေးမှုး ဦးသန်းလွင်မြင့် ကပြောသည် ။
သက်ဆိုင်ရာနယ်မြေ အသီးသီးတွင် မိမိတို့ အဖွဲ့အစည်း၏ မဲပေးခြင်းဆိုင်ရာ ပညာပေး လုပ်ငန်း စဉ်များ ၊ ကူညီဆောင်ရွက်နိုင်မည့် နည်းလမ်းများ ၊ လူမှုအဖွဲ့အစည်းများနှင့် သျှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်တို့အကြား အပြန်အလှန်ကူညီထောက်ပံ့ပေးနိုင်မည့် သဘောတူမှုမှတ်တမ်းများ ရရှိစေရန် လည်းရည်ရွယ်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်များထံမှ သိရသည်။
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး ခရိုင် (၅)မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ(၃) မြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (၂) မြို့နယ် ၊ နှင့် လင်းခေးခရိုင် (၄) မြို့နယ် စသည်တို့တွင် ဂျွန်လ အတွင်း ပဏာမမဲစာရင်း များထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်းသိရရှိရပါသည် ။
No comments:
Post a Comment