Tuesday, November 3, 2015

ပြည်ပရောက် ချင်းလူမျိုးများ၏နာမည်များ မဲစာရင်းတွင် ပါဝင်နေမှုအပေါ် ချင်းပါတီများစိုးရိမ်

Khonumthung

မြန်​မာ​နိုင်​ငံ​မှ ​ပြည်​ပ​သို့ တရားမ၀င်သွား​ရောက်အ​လုပ်လုပ်​နေ​ကြ​သော ချင်း​လူ​မျိုးများ၏ နာ​မည်​များ ​မဲ​စာ​ရင်း​တွင်ပါ​နေ​မှုအပေါ် စိုးရိမ်မှုရှိနေကြောင်း ချင်းအ​မျိုး​သားဒီ​မို​က​ရက်​တစ်ပါ​တီ CNDP ​ကပြောပါသည်။

ချင်းပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ နှစ်သိန်းခုနှစ်သောင်းခန့်ရှိနေပြီး ယင်းအထဲတွင် သောင်းနှင့်ချီသော ပြည်ပ ရောက်ချင်းလူမျိုးများ၏ နာမည်များ မဲစာရင်းတွင် ပါဝင်နေခြင်းသည် ရွေးကောက်ပွဲ မဲမသမာမှုအတွက် စိုးရိမ်စရာကောင်းသည်ဟု CNDP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။

“ ချင်းပြည်နယ်က ချင်းလူမျိုးတွေတော်တော်များများက သိန်းနဲ့ချီပြီးတော့ နိုင်ငံခြားကို သွားနေကြတယ်၊ သူတို့ရဲ့ နာမည်တွေက မဲစာရင်းမှာပါနေတယ်၊ သူတို့ကိုယ်တိုင်ကလည်း မဲပေးနိုင်မှာမဟုတ်ဘူးလေ အဲဒီအပေါ်မှာ ကျနော်တို့က စိုးရိမ်တာပါ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ကြုံတွေ့နေရတာပဲ မဲမထည့်တဲ့သူတွေကိုလည်း ကြိုတင်မဲ ပုံစံမျိုးနဲ့လုပ်တာမျိုးပေါ့၊ ကျနော်တို့စိုးရိမ်တာက မဲထည့်တဲ့နေ့မှာသာ ကျနော်တို့က ကြည့်လို့ရတာလေ၊ ချင်းပြည်နယ် မှာရှိတဲ့ ကျေးရွာပေါင်း ၁၄၀၀ ကျော်မှာရှိတဲ့ မဲရုံပေါင်းထောင်ဂဏန်းကျော်ကို ကျနော်တို့ကအသေးစိတ် စောင့်ကြည့်နိုင်မှာ မဟုတ်ဘူး၊ မြို့နယ်တွေမှာ မဲစာရင်းရလဒ်ပေါင်းချူပ်တဲ့နေရာတွေမှာအသေးစိတ်ကို ကျနော်တို့မှ မမြင်ရတော့တာ၊ ၂၀၁၀ တုန်းကဆိုရင် အများကြီးကြုံတွေ့နေရတယ်လေ သူတို့မဲအနိုင်ရရှိဖို့ရန်အတွက် လုံလောက်တဲ့ မဲစာရွက်ပြားတွေကို လှမ်းမှာလို့ရတယ်လေ အဲဒီသဘောတွေကိုလည်း စိုးရိမ်တာပါ’’ ဟု ဆလိုင်းကျဲအိုဘိစ်ထောင်ကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးလိန်းကျော်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် ပြည်ပသို့ အလုပ်လုပ်နေကြသော ချင်းလူမျိုးများ၏ နာမည်များ မဲစာရင်းတွင် ပါဝင်နေသည်ဆိုသည့်အချက်မှာ ဟုတ်မှန်ကြောင်း သို့ သော်လည်း လူဦးရေအတိအကျမသိရှိကြောင်းပြောဆိုသည်။

“ ကျနော်တို့က မဲစာရင်းစပြုစုတဲ့အချိန်မှာ လ၀က နဲ့ ထွေအုပ်က အိမ်ထောင်စုစာရင်းတွေကိုယူပြီးတော့ ပြုစုရတာဖြစ် တော့ နိုင်ငံခြားကို အစိုးရခွင့်ပြုချက်မရှိဘဲ သွားတဲ့လူတွေလည်း မဲစာရင်းမှာပါတယ်၊ ဘယ်လောက်ပါတယ်ဆိုတဲ့ လူဦးရေ အတိအကျကိုတော့ သီးသန့်ပြုစုထားတာမရှိတော့ ကျနော်တို့မသိပါဘူး’’ ဟု ဦးလိန်းကျော်ကပြောသည်။

ယင်းကဲ့သို့ နိုင်ငံခြားမှာ နေထိုင်ပြီး မဲစာရင်းတွင်ပါဝင်နေသူများကို သက်ဆိုင်ရာမိသားစုဝင်များမှ ရွေးကောက်ပွဲကော်မီရှင် ထံသို့ ပုံစံ (၄)ဖြင့် လာရောက်ကန့်ကွက်နိုင်သည်ဟုလည်း သူကဆက်ပြောသည်။

ထို့အပြင် အဆိုပါကိစ္စကြောင့် ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများ ဖြစ်မလာနိုင်ကြောင်း သူကယခုကဲ့သို့ရှင်းပြသည်။

“ မသမာမှုမဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့တော့အာမခံတယ် ဘာလို့လည်းဆိုတော့ ၂၀၁၀ နဲ့အတူတဲ့ ရွေးကောက်ပွဲ ပညာ ပေးတာတွေရယ်၊ မဲရုံမှူးတွေ၊ ရပ်ကျေးကော်မီရှင်တွေလုပ်မယ့်လုပ်ငန်းစဉ်မှာကော်၊ ပြီးတော့ သက်သေခံကဒ်ပြား ထုတ် ပေးတာရှိမယ်၊ မှင်တို့တဲ့စနစ်တွေလုပ်ပေးတာရှိမယ်မသမာမှုကတော့မဖြစ်နိုင်ဘူး’’ ဟု ချင်းပြည်နယ် ရွေးကောက်ပွဲ အရာ ရှိကပြောသည်။

အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်နေသူများအတွက် ကြိုတင်မဲပေးနိုင်ရန် ရွေးကောက်ပွဲကော်မီရှင်မှ စီစဉ်ဆောင်ရွက်ပေးကြောင်း၊ တရားမ၀င်သွားရောက်သူများအတွက်မှူ မြန်မာနိုင်ငံသို့ပြန်လာပြီး ရွေးကောက်ပွဲနေ့တွင် မဲ ပေးနိုင်ကြောင်း အကယ်၍ မဲလာမပေးနိုင်လျင်လည်း မဲမပေးသူများစာရင်းတွင် ကျန်နေခဲ့မည်သာဖြစ်၍ မဲမသမာမှုမဖြစ် နိုင်ကြောင်းရွေးကောက်ပွဲအရာရှိကပြောသည်။

No comments: