Thursday, November 5, 2015

မဲပြားစက္ကူ အ၀ါရောင်သုံးမည်၊ ပါတီလိုဂိုများ အ၀ါရောင်သန်းမည်ဟု ကြေညာ

DVB


မဲပြားစက္ကူရဲ့ မူရင်းအရောင်က အ၀ါရောင်ဖြစ်နေတာကြောင့် ပါတီတွေနဲ့ တသီးပုဂ္ဂလ အမှတ်တံဆိပ် (လိုဂို) တွေမှာပါတဲ့ အဖြူရောင်တွေမှာ အ၀ါရောင် သန်းနေမယ့်အကြောင်း ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ ရက်နေ့မှာ ကြေညာပါတယ်။

ဒါကြောင့် ဆန္ဒမဲလက်မှတ်တွေ အတုအပ မပြုလုပ်နိုင်ဖို့နဲ့ မလိုလားအပ်တဲ့ စွပ်စွဲ ပြစ်တင်မှုတွေ မဖြစ်စေဖို့အတွက် လုံခြုံရေးအမှတ်အသားပါ အ၀ါရောင်စက္ကူကို အင်ဒိုနီးရှားကနေ မှာယူတင်သွင်းပြီး ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကလည်း မိမိတို့ရဲ့လိုဂိုမှာ အဖြူရောင်ပါမယ်ဆိုရင် အ၀ါရောင် ဖြစ်နေမယ့်အကြောင်း မဲဆန္ဒရှင်တွေကို ရှင်းလင်း အသိပေးသွားဖို့ ကော်မရှင်က တိုက်တွန်းထားပါတယ်။

No comments: