Wednesday, November 4, 2015

လက်ရွေးစင်ကစားသမား ဆောင်လမ်မန် ကို ကမ္ဘောဇအသင်း တရားဝင်ကမ်းလှမ်း

ရွှေဘုတ်

ချင်းယူနိုက်တက် ကလပ်အသင်းနှင့် မြန်မာ့လက်ရွေးစင်ကစားသမား ဆောင်လမ်မန်ကို လာမည့်နှစ် ဘောလုံးရာသီအတွက် ခေါ်ယူရန် ကမ္ဘောဇကလပ်အသင်းမှ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ထားသည် ဟု ချင်းယူနိုက်တက်အသင်း စီအီးအို ဦးဒိုခန်ခုပ် က ပြောသည်။

ဆောင်လမ်မန်သည် ဇွဲကပင်အသင်းမှ ချင်းယူနိုက်တက်အသင်းသို့ ၂၀၁၁ တွင် ပြောင်းရွေ့လာခဲ့ပြီး အသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်သည့် ကစားနိုင်သည့် ကစားသမားတစ်ဦးဖြစ်သည့်အပြင် လက်ရွေးစင်အသင်းတွင်လည်း ခုနစ်ပွဲကစား တစ်ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

“ ဆောင်လမ်မန်ကို အသင်းကြီးအချို့က စိတ်ဝင်စားနေတယ်လို့ ကြားတာတော့ ကြာပါပြီ။ ဒါပေမယ့် ကမ္ဘောဇအသင်းကတော့ ဆောင်လမ်မန်ကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းထားပါတယ်။ သူ့ကို အသင်းပေးပြောင်းမလား မပြောင်းဘူးလား ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ အသင်းတာဝန်ရှိသူတွေနဲ့ အားလုံး တိုင်ပင်ပြီးမှ ဆုံးဖြတ်သွားမှာပါ။ လောလောဆယ်တော့ ဆောင်လမ်မန်က လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ် ” ဟု ချင်းယူနိုက်တက်အသင်း စီအီးအို ဦးဒိုခန်ခုပ်က ပြောသည်။

ကမ္ဘောဇကလပ်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီ အသင်းပြင်ဆင်မှုအနေဖြင့် ဆောင်လမ်မန်ကို ကမ်းလှမ်းမှုပြုလုပ်ထားသလို ဧရာဝတီအသင်းမှ လက်ရွေးစင်ကစားသမားအချို့ကိုလည်း ခေါ်ယူရန် စီစဉ်လျက်ရှိသည်။

No comments: