Tuesday, November 3, 2015

SSPP/SSA ဌာနချုပ်အနီးရှိ စကခ ၂ မှ တိုက်ပွဲအတု ဆင်နွှဲ

သျှမ်းသံတော်ဆင့်


သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ အခြေစိုက် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၌ တိုက်ပွဲအတု တခု အား ယမန်နေ့ အောက်တိုဘာ ၂၉ ရက် မှ ယနေ့ နံနက် အောက်တိုဘာ ၃၀ ရက်နေ့နံပိုင်း အထိ အစိုးရတပ်က ညလုံးပေါက် ဆင်နွဲသောကြောင့် ဒေ သခံများ စိုးရိမ်ထိပ်လန့် နေကြသည်ဟု သိရသည် ။

အာက်တိုဘာ ၂၉ ရက်ညမှစ၍ ယနေ့အောက်တို ဘာ ၃၀ ရက်နေ့ နံနက်မိုးလင်း သည့်အထိ အစိုးရတပ်ဘက်မှ ညလုံးပေါက် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု ကြောင့် ရွာသားများ စိုးရိမ်ထိပ်လန့်ကာ ခြံအတွင်းအသင့်တူးထားသော ခံတုတ်ကျင်း များအတွင်း ပြေးဝင်ခိုလှုံခဲ့ရ သည်ဟု ဒေသခံ စိုင်းခမ်းဆိုင် က ဤကဲ့သို့ ပြောသည် ။

“ ကျနော်တို့ မိုင်းနောင်မှာလေ တညလုံးပဲ ၊ ကိုးနာရီတခါ ၊ ၁၀ နာရီတခါ တနာရီခြားတခါ လက်နက်ကြီး အကြိမ်ကြိမ် ပစ်တယ်။ စကခ ၂ မိုင်းကောင်ဝ် တပ်ကပေါ့ ။ မိုးလင်းတဲ့ အထိဘဲ အကြိမ်တရာ ကျော် တယ်။ ဘယ်သူမှ သူတို့ကိုလာမပစ်ဘူး ၊ သေနတ်သံ နား ထောင်ရင်လဲ သိတယ် ။ တဘက်တည်းပစ်တဲ့အသံလေ ။ တညလုံးပစ်တာ မိုးလင်းတဲ့ အထိဘဲ ”

ထို့အတူ မိုင်းရှူးမြို့နယ် မိုင်းစံမြို့ အခြေစိုက် ခလရ ၁၅၀ ကလည်း သီတင်း ကျွတ် လပြည့်ညက မိုင်းစန်ဒေသခံများ တိုးနယား ကိန္နရီ ကိန္နရာ အကတို့ ဖြင့် မြတ်စွာ ဘုရားအား ရည်စူး၍ ပူဇော်ကပြစဉ် လက်နက်ကြီး လက်နက် ငယ်များပစ်ခတ်သောကြောင့် ပွဲလန့်ကာ ထွက်ပြေးကြသဖြင့် အချင်းချင်း တက်နင်းမိ၍ ဒဏ်ရာရသူ များရှိသည်ဟု လည်းသိရသည် ။

ထိုနေ့ကပင် ၀မ့်ဟိုင်းဌာနချုပ်အား မိုင်းရှူးမြို့တောင်ဘက် လွယ်ကျူ မောက်ခေါဝ် တပ်စခန်းချ နေထိုင်နေသည့် တပ်မတော် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ပါသေးသည် ။

“ ကျနော်တို့က ဘယ်သူ့ကိုမှ သွားပြီးရန်မရှာဘူး ။ ကျနော်တို့ကို ရန်လုပ် ပြီး လာရောက် တိုက်ခိုက်လို့ ကိုယ့်ကိုကိုယ် ခုခံတဲ့အဆင့်နဲ့ပဲ ပြန်လည်ခုခံတာပဲ ရှိသေးတယ် ။ ၁၉ ရက် နေ့ တုန်းကလဲ အစိုးရ သတင်းစာမှာပါလာသေးတယ် ကျနော်တို့ကနေ ပြီး အဲဒီတပ်ကို သွားတိုက်တယ်ဆိုဘဲလေ ” - ဟု SSPP/SSA ဌာနချုပ်ရုံးအရာရှိ ဒု ဗိုလ်မှူးကြီးတဦးက ပြောသည် ။

၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‘ SSA ဝမ့်ဟိုင်းမှ သျှမ်းပြည် တပ်မတော် က မိမိတို့၏ တပ်စခန်းများအား ၁၈ ရက်နေ့တကြိမ် ၊ ၁၆ ရက်နေ့ ည က တကြိမ်လာ ရောက်တိုက်ခိုက်သည့်အတွက် တပ်မတော် စစ်ကြောင်းမှ လိုက်လံ တိုက်ခိုက်ရှင်းလင်း လိုက်ရသည် ’ ဟု ပါရှိသည် ။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခု က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်ရေးလက်မှတ်ရေးထိုးထား သည့် တပ်ဖြစ်သည် ။

No comments: