Saturday, April 9, 2016

လေဆိပ်နှင့် ဘူတာရုံများရှိ နိုင်ငံခြားအရက်ရောင်းချသည့်ဆိုင်များ လိုင်စင်လုပ်ရမည်

မျိုးသူအောင်

လေဆိပ်များ ဘူတာရုံများ၏ နားနေဆောင်များတွင် နိုင်ငံခြားဖြစ် အရက်များ လက်လီ ရောင်ချခွင့် လိုင်စင် ကြေး သိန်း(၂၀)အဖြစ်သတ်မှတ်သည့် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်း အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုလိုက်သည်။

ယင်းဥပဒေကြမ်းသည် ယခင် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေတွင် ကျန်ရှိခဲ့သည့် လေဆိပ်များ ဘူ တာရုံများတွင် ဆိုင်ခန်းငှားရမ်း၍ နိုင်ငံခြားဖြစ်အရက်များ လက်လီရောင်းချပါက အခွန် ၂၀ သိန်း ပေးဆောင်ရ မည့် အချက်အား ထပ်မံဖြည့်ဆွက်သည့် ဥပဒေဖြစ်သည်။

 ယင်းဥပဒေကြမ်းအားအတည်ပြု ပြဌာန်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဧပြီလ ၇ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသ ကြီး ပထမပုံမှန်အစည်းဝေး ၁၄ ရက်မြောက်နေ့တွင် လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ "အရင်တုန်းက ဆိုင်ရှိခဲ့မယ်ဆိုရင် အခွန်မရဘူးပေါ့။ အခုက ဆိုင်တစ်ဆိုင်ကို သိန်း ၂၀ ဆိုတော့ အခွန်ရရှိ မှုတိုးလာမယ်။နောက်တစ်ချက် အရက်သေစာသောက်စားမှုမှာ အခွန်အတုပ်တိုးလာတဲ့အတွက် အရက် ဈေး မြင့်သွားတဲ့အတွက် သောက်သုံးသူက လျော့သွားမယ်။ ဒီလိုအားသာချက် ၂ချက်တော့ရှိပါတယ်"ဟု စမ်း ချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ဥပဒေကြမ်းအတည်ပြုလိုက်သည့် အပေါ်ပြောသည်။

 အဆိုပါ ဥပဒေကြမ်းအား ဧပြီ ၆ ရက်နေ့ လွှတ်တော်အစည်းဝေး ၁၄ ရက်မြောက်နေ့က လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဥပဒေအဖြစ် ယနေ့ လွှတ်တော်အစည်းဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။

No comments: