Wednesday, April 13, 2016

ရေနံချောင်းချစ်သူများ မဟာသင်္ကြန်ပွဲတော် အကြိုနေ့ ဖွင့်လှစ်

ဒေါင်းလူ၊ တင်ရွှေ

အဝေးရောက်ဒေသခံများ ပူးပေါင်းပြုလုပ်သည့် ရေနံချောင်းချစ်သူများ မဟာသင်္ကြန်ပွဲတော် အကြိုနေ့ကို ဧပြီ ၁၂ရက် ညနေက ရွှေကြာငုံရပ်ကွက် လမ်းမတော်လမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းချစ်သူများ မဟာသင်္ကြန်ပွဲတော် သင်္ကြန် အကျ၊ အကြတ်၊ အကြတ်၊ အတက်နေ့များတွင် နံနက်၊ ည နှစ်ကြိမ်စီ စုစုပေါင်း ၈ကြိမ် ထမင်းကျွေးစတုဒီသာ ကုသိုလ် ပြုကြမည်ဖြစ်ကြောင်း ရေနံချောင်းမြို့ အဖြူရောင် ပရဟိတအဖွဲ့ဝင် ကိုသန်းထွဋ်ညီက ပြောသည်။

အကျနေ့ နံနက်တွင် ကြက်သားနှင့် ဗူးသီး၊ ငြုပ်သီးတောင့်ကြော်၊ သရက်ချဉ်၊ ညနေတွင် အိုးဘဲဥ၊ ပဲချဉ်ဟင်း၊ ငြုပ်သီးတောင့်ကြော်၊ အကြတ်နေ့မနက်ထောပတ်ထမင်း ငပိဆီကြော်၊ ညနေ ထမင်းဆီဆမ်း ကြက်ဥကြော်၊
ဒုတိယအကြတ်နေ့ ငါးတံခွန်ငြုပ်သီးကြော်၊ ပဲဟင်း၊ ကြက်ဥ အာလူး၊ အတက်နေ့မနက် အိုးဘဲဥ၊ ညနေ ကြက်သားနှင့်ဗူးသီး သရက်ချဉ် ငြုပ်သီးတောင့်ကြော်တို့ ကျွေးမွေး ကုသိုလ်ယူကြပြီး ရေနံသာနွေဦး ငြိမ်းချမ်းရေး သံစဉ်ကမ္ဘာ သံချပ်အဖွဲ့ကလည်း မြစ်ဆုံစီမကိန်း ဆက်မလုပ်ရန် သံချပ်ထိုးမည်ဟု သိရသည်။

No comments: