အောင်ကိုဦး
သင်္ကြန်ပွဲတော်အတွင်း ခရီးသွားများ အဆင်ပြေချောမွေ့စေရေးအတွက် အခြားပြေးဆွဲသည့် အထူးရထားများအပြင် နောက်ထပ် ရန်ကုန်-မန္တလေးခရီးစဉ်အတွက် တွဲဆိုင်းငါးဆိုင်းပါ RBE လေအိတ်ရထားဖြင့် ဧပြီ ၉ရက်၊မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှ စတင်ပြေးဆွဲပေးလျှက်ရှိသည်။
အဆိုပါ RBE ဖြင့် ပြေးဆွဲရာတွင် ဧပြီ ၉ရက်မှ ၁၂ရက်နေ့ထိနှင့် ၁၇ရက်မှ ၁၈ရက်နေ့တွင် ရန်ကုန်ဘူတာနှင့် မန္တလေးဘူတာများမှမွန်းလွဲ ၃နာရီ ၃၀မိနစ်တို့တွင် ထွက်ခွာပေးသွားမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားများမှာ ပထမတန်း ဈေးနှုန်းဖြစ်သည့် ၅၈၀၀ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ "သင်္ကြန်အတွင်း ခရီးသွားပြည်သူတွေသွားလာမှုအဆင်ပြေဖို့ အခုလို စီစဉ်တာပါ။ရန်ကုန်က ထွက်မယ့်အချိန်နဲ့ မန္တလေးကထွက်မယ့်အချိန်အတူတူပါပဲ။"ဟု မြန်မာ့မီးရထား လက်ထောက် အထွေထွေမန်နေဂျာ(သွား/လာ)၊ မန္တလေးဘူတာကြီးမှ ဦးအေးမောင်ကပြောသည်။
သင်္ကြန်အတွင်းတွင် ခရီးသွားပြည်သူများအဆမတန်များလာပါကလည်း ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဟု ဦးအေးမောင်ကဆိုသည်။
No comments:
Post a Comment