မဇ္ဈိမ
ဖမ်းဆီးခံ ဆန္ဒပြကျောင်းသားများကို မြန်မာအစိုးရသစ်က ယနေ့လွှတ်ပေးလိုက်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ဆန္ဒပြကျောင်းသားများကို လွှတ်ပေးသည့်လုပ်ရပ်မှာ မြန်မာ့လူ့အခွင့်အရေးအတွက် ကြီးမားသည့်ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အစိုးရသစ်အနေဖြင့် ကျန်ရှိနေသေးသည့်မှားယွင်းစီရင်ချက်ချခံထားရသော အကျဉ်းသားများအားလုံးကို လွှတ်ပေးရန် နှင့် စိတ်မထင်လျှင် မထင်သလို ဖမ်းဆီးနိုင်သည့်ဥပဒေများကို ပြောင်းလဲပြင်ဆင်သွားရန် ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ၎င်း၏သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ်၊မတ်လအတွင်းက ဆန္ဒပြပွဲများအတွင်းဖမ်းဆီးခံခဲ့ရသော ဆန္ဒပြကျောင်းသားများ ရင်ဆိုင်နေရသော အမှုများ အားလုံးကို ပိတ်သိမ်းလိုက်ကြောင်း သာယာဝတီတရားရုံးက ယနေ့ကြေညာလိုက်သည်။
နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရသစ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တစ်ရက်အကြာမှာပင် ယခုကဲ့သို့ ဆန္ဒပြကျောင်းသားများ လွတ်မြောက်လာခြင်းလည်း ဖြစ်သည်။
ဆန္ဒပြကျောင်းသားများကို လွှတ်ပေးလိုက်ခြင်းမှာ လူ့အခွင့်အရေးအတွက်ကြီးမားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်နိုင်ငံရေးအရဖမ်းဆီးမှုများ အဆုံးသတ်သွားမည့်အကြောင်း အစိုးရသစ်က ဖော်ပြလိုက်ရာလည်းရောက် ကြောင်း၊ ဆက်လက်ပြီး အခြားတရားရုံးများတွင် အမှုရင်ဆိုင်နေရသော ဆန္ဒပြကျောင်းသားများနှင့် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများလည်း မကြာမီလွတ်မြောက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ဆန္ဒပြကျောင်းသားများလွှတ်ပေးခြင်းမှာ ပထမခြေလှမ်းသာရှိသေးပြီး ပြင်ဆင်ရမည့် ဥပဒေများရှိနေသေးသော်လည်း NLD အစိုးရက ထိုကိစ္စကို အသိအမှတ်ပြုကြောင်းဖော်ပြထားပြီးဖြစ်သဖြင့် ကျေးဇူးတင်ကြောင်းလည်း ယင်းကြေညာချက် တွင် ဖော်ပြထားသည်။
No comments:
Post a Comment