Tuesday, April 12, 2016

အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖွဲ့ထားသည့် DPN စတုတ္ထအကြိမ် အစည်းအဝေးလုပ်

ဖနိဒါ

ငြိမ်းချမ်းရေးဆိုင်ရာ ဆက်လက် ဆွေးနွေးနိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးရေးဖက်ဒရယ်ကောင်စီ(UNFC) မှ အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)၏ စတုတ္ထနေ့မြောက် အစည်းအဝေးကို ဧပြီလ ၁၁ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

ဧပြီလ ၈ ရက်မှ စတင်ကာ လေးရက်ကြာကျင်းပသည့် အစည်းအဝေးတွင် ယခင်အစိုးရနှင့် ဆွေးနွေးခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစားချုပ် မူကြမ်း(NCA) အပေါ် ပြန်လည် သုံးသပ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ဖွဲ့စည်းလိုက်သော အစိုးရသစ် နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးနိုင်ရေးအတွက် ကြိုဆင်ပြင်ဆင်နေခြင်း ဖြစ်သည်။

DPN အဖွဲ့ကို UNFC အဖွဲ့ဝင် ၉ ဖွဲ့မှ ကိုယ်စားလှယ် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) မှ ခူဦးရယ်က ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

No comments: