ABC
မြန်မာနိုင်ငံမှာ မနေ့က စတင်ကောက်ယူတဲ့ သန်းခေါင်စာရင်းအတွင်း ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ထည့်သွင်းခွင့်မပြုဘူးလို့ မြန်မာအစိုးရက ပြောဆိုပြီးနောက် ရခိုင်တိုင်းရင်းသားတွေ သပိတ်မှောက်ခဲ့ကြရာကနေ သပိတ်လှန်လိုက်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် သန်းခေါင် စာရင်း ကောက်ယူ တာဖြစ်ပြီး သန်းခေါင် စာရင်း အမူထမ်း တစ်သိန်းဟာ မနေ့ကစပြီး သန်းခေါင် စာရင်းတွေ ကောက်ယူနေပြီ ဖြစ်ပါတယ်။
သန်းခေါင် စာရင်း aကာက်ယူ မှုကို ဧပြီလ ၁၀ ရက်နေ့မှာ အဆုံး သတ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိတဲ့ အတွက် ရိုဟင်ဂျာ aတွအတွက် သီးသန့် ကုတ်နံပါတ် မထားပေးဘူးလို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ကျိုဒိုး သတင်းဌာနကို ပြောသွား ခဲ့ပါတယ်။
ကုတ်နံပါတ် မရှိတဲ့ လူမျိုးစုတွေ အနေနဲ့ အခြား ဆိုတဲ့နေရာမှာ မိမိလူမျိုးကို ဖော်ပြခွင့် ရှိပေမယ့် ရိုဟင်ဂျာတွေ ကိုတော့ ထည့်သွင်းခွင့် မပြုထားပါဘူး။
ကချင်ပြည်နယ်နဲ့ ဝဒေသ တချို့တွေ မှာလည်း သန်းခေါင် စာရင်းက ရလာတဲ့ အချက် အလက်ကို နိုင်ငံရေး အတွက် အသုံးချမှာကို စိုးရိမ် တဲ့အတွက် သန်းခေါင် စာရင်း အမှုထမ်းတွေကို ကောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
၁၉၈၃ ခုနှစ်က ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၃၉.၃ သန်းရှိခဲ့ပြီး ခုလောလောဆယ် မြန်မာအစိုးရရဲ့ ခန့်မှန်းချက်အရ လူဦးရေ ၆၁.၅၇ သန်းရှိမယ်လို့ ဆိုပါတယ်။
အခုကောက်ခံတဲ့ သန်းခေါင်စာရင်းရဲ့ ရလဒ်ကို လာမယ့်နှစ်ဦးပိုင်းမှာ ထုတ်ပြန်ဖို့ရှိကြောင်းလည်း သိရပါတယ်။
No comments:
Post a Comment