Tuesday, August 18, 2015

“1 Billion Tourists, 1 Billion Opportunities” ကို အကောင်းဆုံး မြန်မာမှုပြုနိုင်သူ ဆုချီးမြှင့်မည်

မဇ္ဈိမ၊

၂၀၁၅ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ချမှတ်ထားသော ဆောင်ပုဒ်ဖြစ်သည့် “1 Billion Tourists, 1 Billion Opportunities" ကို ဆီလျော်သောမြန်မာဆောင် ပုဒ်အဖြစ် အကောင်းဆုံး ဘာသာပြန်ပေးနိုင်သူအား အမှတ်တရဆု ချီးမြှင့်ပေးမည်ဟု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ -၂၀၁၅ အခမ်းအနားတွင် ဖော်ပြပါ ဆောင်ပုဒ်ကို မြန်မာဘာသာဖြင့် ဖော်ပြအသုံးပြုရန်ဖြစ်သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) သည် စက်တင်ဘာလ (၂၇) ရက်နေ့အား ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံအသီးသီး၌ ခရီးသွားလုပ်ငန်းဆိုင်ရာ ဂုဏ်ပြု အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသည်။

ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဘာသာပြန်ဆိုထားမှုများအား ညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ရုံး အမှတ် (၃၃)၊ နေပြည်တော်သို့ဖြစ်စေ၊ Email လိပ်စာ myanmartourism.org@gmail.com နှင့် dg.dhtd.moht@gmail.com များသို့ အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန်လိပ်စာတို့ ဖြည့်စွက်၍ သြဂုတ်လ (၂၇) ရက်နေ့ နောက်ဆုံးပေးပို့ ရမည်ဖြစ်သည်။

No comments: