Monday, August 17, 2015

နေပြည်တော်မှာ ဝင်ပြိုင်ဖို့ စာရင်းပေးသည့် အမတ်လောင်း ၄၃ဦးရှိ၊ အမျိုးသမီး ၃ဦးသာ ပါဝင်

မင်းမင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် ဩဂုတ် ၁၄ညနေပိုင်းထိ နေပြည်တောင်ကောင်စီ (၈)မြို့နယ်တွင် ဝင်ပြိုင်ရန် အမတ်လောင်း ၄၃ဦး စာရင်းပေးသည်ဟု ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်းက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ နောက်ဆုံးနေ့မှာ ၅ယောက်လာတင်တော့ စုစုပေါင်း ၄၃ဦးပေါ့။ သူတို့အားလုံးရဲ့စာရင်းကို ညနေ လေးနာရီခွဲလောက်မှာ UEC ကို ပို့လိုက်ပါပြီ” ဟု ဦးအောင်စိုးဝင်းက ပြောသည်။

ထူးခြားချက်အနေဖြင့် အမတ်လောင်းအမည်စာရင်းတင်ထားသူ ၄၃ဦးအနက် အမျိုးသမီး ၃ဦးသာ ပါရှိသည်။

အမတ်လောင်းစာရင်းတင်ထားသူများ၏ ကိုယ်စားပြုယှဉ်ပြိုင်မည့်ပါတီ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း၏ အမည်၊ ယှဉ်ပြိုင်မည့်မြို့နယ်နှင့် ယှဉ်ပြိုင်မည့်လွှတ်တော်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးမောင်မောင်ဆွေ၊ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်
ဦးမျိုးဇော်ဦး၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးကျော်တင့်၊ တပ်ကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးရည်မွန်(ခ) မောင်တင်သစ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဒေါ်ခင်မျိုးသွင်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးသန်းစိုးအောင်၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးကျော်မင်းလှိုင်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးကျော်မြင့်ဦး၊ မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ်(၁၀)၊ အမျိုးသားလွှတ်တော်
ဦးဖြိုးဇေယျာသော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဦးမောင်ဦး၊ တပ်ကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးဇင်ယော်၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးလှသိန်းဆွေ၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးခင်မောင်ဌေး၊ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်
ဦးမှတ်ကြီး၊ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ်(၁၀)၊ အမျိုးသားလွှတ်တော်
ဒေါ်ဝင်းဝင်းသီ၊ ပျဉ်းမနား၊ ပြည်သူ့လွှတ်တော်
ဦးမြင့်လှိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးမြတ်ဟိန်း၊ ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးလှဌေးဝင်း၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ဦးကြည်မြင့်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးမောင်မောင်သောင်း၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးမြင့်ဦး၊ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ်(၁၀)၊ အမျိုးသားလွှတ်တော်
ဦးကျော်အေး၊ ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးသာအောင်၊ ပျဉ်းမနား၊ ပြည်သူ့လွှတ်တော်
ဦးသန်း၊ တပ်ကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးလှမြင့်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးနိုင်မင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ဦးအောင်ဇင်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးအောင်ခိုင်မိုး၊ ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးဇော်နိုင်ဦး၊ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ်(၁၀)၊ အမျိုးသားလွှတ်တော်
ဦးဌေးလှိုင်၊ ပျဉ်းမနား၊ ပြည်သူ့လွှတ်တော်
ဒေါ်စုရည်ဖြိုးအောင်၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်

မြန်မာအမျိုးသားကွန်ဂရက်
ဦးနိုင်လင်းဦး၊ ပျဉ်းမနား၊ ပြည်သူ့လွှတ်တော်

တသီးပုဂ္ဂလ
ဦးမြင့်လွင်သန်း၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးသန်းဌေး၊ မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ်(၉)၊ အမျိုးသားလွှတ်တော်
ဦးမျိုးညွှန့်၊ မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ်(၁၀)၊ အမျိုးသားလွှတ်တော်
ဦးမြင့်အောင်သန်း၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးမြင့်ဆွေ၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးမြင့်ရွှေ၊ တပ်ကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်
ဦးကျော်ဝင်း၊ မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ်(၁၀)၊ အမျိုးသားလွှတ်တော်
ဦးလှတင်၊ တပ်ကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်

No comments: