Kachinnews
မိုင်ဂျာယန်၊ ကချင်ပြည်နယ် --- အစိုးရ၏ ၂၁ ရာစု ပင်လုံ ညီလာခံ အကြို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို ကချင်ပြည်နယ် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် ယနေ့ နံနက်ပိုင်း စတင် ပြုလုပ်ရာ ‘၀’၊ ကိုးကန့်၊ တအောင်း အဖွဲ့များ တက်ရောက်ခြင်း မရှိပါ။
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့များ အစည်းအဝေး တက်ရောက်ခြင်း မရှိပါ။
ယင်း တရုတ်နယ်စပ် အခြေစိုက် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့ အစည်းအဝေး မတက်ရောက်ကြောင်း ကို ယနေ့ နံနက်ပိုင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဒုဥက္ကဌ-၂ ဗိုလ်ချုပ် S ဂွန်မော် မှလည်း အတည်ပြု ပြောသွားသော်လည်း အဘယ်ကြောင့် မရောက်လာကြောင်းကို မပြောခဲ့ပါ။
၎ ရက်ကြာ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ စတင်ကျင်းပစဉ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်တော် Mr. Vijay Nambiar နှင့် တရုတ်အစိုးရ ကိုယ်စားလှယ် များလည်း ပါဝင်ခဲ့သည်။
No comments:
Post a Comment