သည်နေးရှင်း
ထိုင်းနိုင်ငံ တက်ပြည်နယ်အတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းက စောင့်ရှောက်ထားရသည့် စွန့်ပစ်ခံမြန်မာကလေးငယ် ၆၉ ဦးကို ထိုင်းအစိုးရအနေဖြင့် တရားဝင်အသိအမှတ်ပြုပေးရေး အမျိုးသားလူ့အခွင့်အရေးကော်မရှင်ခွဲရုံးက ဇူလိုင် ၃၁ ရက်၌ တောင်းဆိုလိုက်သည်။
မဲဆောက်ခရိုင်ရှိ စွန့်ပစ်ခံမြန်မာကလေးငယ်များအား စောင့်ရှောက်ထားသော စင်တာသို့ လူနည်းစုတိုင်းရင်းသားနှင့် နိုင်ငံမဲ့သူများအရေးလှုပ်ရှားသော ကော်မရှင်ခွဲရုံး၏ ဥက္ကဌဖြစ်သူ ဆူရာပေါခွန်ချန်တစ်က ရောက်ရှိစဉ် ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ စောင့်ရှောက်နေသည့် စင်တာမှာ လူမှုလှုပ်ရှားမှုအမျိုးသမီးများ SAW အဖွဲ့က ဖွင့်လှစ်ထားခြင်းဖြစ်သည်။
အဆိုပါ ကလေးငယ်များမှာ အစိုးရ၏ တရားဝင်အသိအမှတ်ပြုခံထားသူများမဟုတ်၍ SAW အဖွဲ့အနေဖြင့် ၎င်းကလေးငယ်များအတွက် အကူအညီရှာရာတွင် အခက်အခဲဖြစ်ရကြောင်း ဆူရာပေါက ပြောသည်။
အစိုးရအေဂျင်စီများအနေဖြင့် ယင်းကလေးငယ်များ အဆောတလျင်အကူအညီများရရှိရေး အလေးထားသင့်ကြောင်းလည်း တိုက်တွန်းသည်။
နာမကျန်းသည့် မြန်မာအမျိုးသမီးများအားလည်း စောင့်ရှောက်မှုပေးလျက်ရှိသည့် SAW အဖွဲ့အား ကူညီသွားရန် ဖောင်ဒေးရှင်းတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
No comments:
Post a Comment