နိရဉ္စရာ၊
အမေရိကန် သမ္မတ ဘာရက်အိုဘားမား၏ ဖိတ်ကြားချက်အရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလလယ်ပိုင်းတွင် အမေရိကန်နိုင်သို့ လာရောက်မည် ဖြစ်ကြောင်း အေပီ သတင်းတွင် ဖော်ပြသည်။
အိမ်ဖြူတော် လက်ထောက် လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Ben Rhodes က အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ဒေါ်အောင်ဆန်းစုအား ဖိတ်ကြားစာအား လွန်ခဲ့သော အပတ်က ပေးအပ်ခဲ့ပြီး ၎င်းဖိတ်ကြားမှုအား နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည်ဟု ပြောဆိုသည်။
အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်လည်ပတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်တွေ့ဆုံခဲ့သည်။
No comments:
Post a Comment