အောင်ကိုဦး
တောင်သမန်အင်း ကန်ပတ်လမ်း(အနောက်ခြမ်း) တာရိုးကျိုးကာ ရေကျော်မှုဖြစ်နေသည်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ ဇူလိုင်လ ၃၁ ရက် ညပိုင်းတွင် လာရောက်ကြည့်ရှု့စစ်ဆေးလျှက်ရှိသည်။
အဆိုပါကန်ပတ်လမ်းအနောက်ခြမ်းကိုလည်း ဖြတ်သန်းသွားလာခွင့်ကို ညနေ ၆ နာရီကပင် ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။
"ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ဖြစ်နိုင်တဲ့နေရာတွေကို ရေကင်းတွေလုပ်ထားတယ်။ အဲဒီမှာ လူမှုရေးအသင်းတွေ၊ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာအဖွဲ့တွေရှိပါတယ်။ အရေးပေါ်အခြေအနေဖြစ်လာရင် ကယ်ဆယ်နိုင်ဖို့လည်း လုပ်နေကြပါတယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ထိုပြင် ရေဝင်ရောက်မှုကြောင့် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ရတနာပုံ တက္ကသိုလ်ကိုလည်းဂယာယီပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment