Saturday, October 8, 2016

ကချင် အရေး အားလုံး ကူညီပေးကြရန် Aung La Nsang တောင်းဆို

Kachinnews


အောက်တိုဘာ ၇ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ MMA (Mixed Martial Art) ပြိုင်ပွဲမှာ ပိုလန်နိုင်ငံသား Michael Pasternak ကို အနိုင်ရ ခဲ့တဲ့ ကချင်တိုင်းရင်းသား Aung La Nsang က စစ်ဖြစ်နေသည့် ကချင်ပြည်နယ် အရေး အားလုံး ဝိုင်းဝန်းကူညီပေးဖို့ ပြောခဲ့ပါတယ်။
သူတို့ နှစ်ဦး တတိယ အချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် ဒိုင်များ၏ အဆုံးအဖြတ်ဖြင့် အောင်လ ကို အနိုင်ပေးခဲ့ ခြင်းဖြစ်သည်။

“ဒီအနိုင်ရတာတွေလည်း မြန်မာပြည်အတွက်ပဲ၊ ပြီးတော့ ကျနော်ပြောချင်တာက အခု ကချင်ပြည်နယ်မှာ စစ် ဖြစ်နေတယ်။ အဲဒါကို အားလုံး ကျေးဇူးပြု၍ ကူညီနိုင်သလောက် ကူညီပါ။ မြန်မာလူမျိုးအားလုံး စုစုပေါင်းပြီး လုပ်ရင် ဘာမဆို ဖြစ်နိုင်တယ်” ဟု အောင်လ အင်ဆန်က မြန်မာလို ပြောခဲ့သည်။

လက်ရှိ ကချင်ပြည်နယ်မှာ တပ်မတော်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ပြင်ပြင်းထန်ထန် ထိုးစစ် ဆင် တိုက်ခိုက်နေပြီး တချိန်တည်းမှာ စစ်တပ်မှ ကချင် စစ်ပြေး ဒုက္ခသည် စခန်းများကို ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူညီပေးမှုများကိုလည်း တားမြစ် ထားပါသည်။

အခု ပွဲစဉ်သည် အောင်လ ၏ မြန်မာနိုင်ငံအတွင်း ဒုတိယအကြိမ် ထိုးသတ်ယှဉ်ပြိုင်မှုဖြစ်ပြီး ၂ကြိမ်စလုံးတွင် အနိုင်ရခဲ့ပြီးလည်း ဖြစ်သည်။ ဆက်လက်ပြီးလည်း ချန်ပီယံ တစ်ယောက် ဖြစ်အောင် ကြိုးစားမည့်အကြောင်း သူက ပြောခဲ့သည်။

ယခု ပွဲ မ စခင် ၂ ရက်အလို အောက်တိုဘာလ ၅ရက်နေ့ က One Championship အဖွဲ့သားများ နှင့်အတူ ရန်ကုန်မြို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ မှာ သူ ရေစက်ချနေသည့် ဓာတ်ပုံများ online ပေါ်တက်လာသည့်အတွက် ကချင်ပြည်သူ အချို့ ၏ ပြင်းထန်သည့် ဝေဖန် မှုကို ခံခဲ့ရသည်။

ယင်းနောက် သူ ကိုယ်တိုင် ကချင်ဘာသာ နှင့် facebook မှာ ပြန်လည်တောင်းပြန်ခဲ့ပြီး ပြိုင်ပွဲ အတွက် ဆုတောင်းကူပေးဖို့ နှင့် ဆက်လက် အားပေးနေဖို့ ပြောခဲ့သည်

No comments: