Saturday, October 8, 2016

ရခိုင်ပြည်နယ်အစိုးရ အရေးပေါ်စည်းဝေး၊ မောင်တောနှင့် ဘူးသီးတောင် ၀င်ထွက်ဂိတ်များ ပိတ်

DVB


ဒီနေ့မနက် ၁ နာရီခန့်ကစပြီး RSO (rohingya solidarity organization) ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်လို့ နယ်ခြားစောင့်တပ်ဖွဲ့ ၉ ဦး ကျဆုံးပြီးနောက် မောင်တောနဲ့ဘူးသီးတောင် အ၀င်အထွက်ဂိတ်တွေပိတ်ထားလိုက်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့လုံးနယ်ဝန်ကြီး၊ လျှစ်စစ်လမ်းပန်းဝန်ကြီးဌာနလူမှုရေးဝန်ကြီးဌန၊ စည်ပင် သာယာရေးဝန်ကြီး၊ စိုက်ပျိုးရေးမွေးမြူရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်နယ်ရဲမှူးတွေ က ပြည်နယ်အစိုးရရုံးမှာ အရေးပေါ်အစည်း အဝေးပြုလုပ်ခဲ့ပါတယ်။

မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်ဌာနချုပ်အပါအ၀င် စခန်း ၃ ခုကို တိုက်ခိုက်ခံ ရပြီးနောက် ရခိုင်ပြည်နယ်အစိုးရ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ မကြာခင်အဖြေ တခုကို ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“အခုလေးတင်ပဲ အဲ့ဒီကိစ္စကိုဆွေးနွေးလို့ ပြီးသွားပါပြီ။ ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းရ ထားတာတိုက်ပွဲဖြစ်တာ တနေရာပဲရရှိထားပါတယ်။ တိုက်ခိုက်ခံရတာတခုလို့ ရထားပါတယ်။ ဒါပေမယ့် တိုက်ခိုက်ခံရတာကသုံးနေရာလို့ ကျနော်တို့ ကြားပါတယ်။ ကျီးကန်ပြင်ဆိုတဲ့ ရွာတရယ်၊ နောက်ပြီးစခန်း တခုရယ်၊ နောက်ပြီး ငခူးရဆိုတဲ့စခန်းတခု။ စခန်းသုံးခုပေါ့လေ။ ဒီဖက်တွေကို လက်နက်တွေပါသွားတော့ လုံခြုံရေးပိုင်းကို အမြန်ဆုံး အခု လုပ်ဆောင်သွားဖို့ စီစဉ်နေပါပြီ။ ပြည်ထောင်စုအရေးကိုတော့ အရေးအဖြစ် တင်ထားပါတယ်။

အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ မောင်တော်နဲ့ဘူးသီးတောင်ကို အရေးပေါ် ထုတ်ချက်ရှိ မရှိကို သက်ဆိုင်ရာအစိုးရနဲ့ အာဏာပိုင်တွေကတွေက ညှိနှိုင်းတိုင်ပင်ဆွေးနွေးနေပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အကြားထားတယ်လို့ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်ဌာနချုပ်အပါအ၀င် စခန်း ၃ ခုကို RSO rohingya solidarity organization ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။

ဒီနေ့ မနက်ပိုင်းနောက်ဆုံးသတင်းအရ မောင်တော်နယ်ခြားစောင့်တပ်ဖွဲ့ ၉ ဦးကျဆုံးသွားပြီး မောင်တောနဲ့ ဘူးသီးတောင်အ၀င်အထွက်ဂိတ်တွေပိတ်ထားတယ်လို့ မောင်တောမြို့မရဲစခန်းမှာ စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

“အကြမ်းအားဖြင့် သိလို့ရမယ်ဗျ။ နယ်ခြားစောင့်တပ်ဖွဲ့ ၉ ဦးကျတယ်လို့ ကျနော်တို့ နောက်ဆုံးရတာပါ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်တပ်ထိတွေဖြစ်နေတဲ့နေရာတွေကို ကျနော်တို့နိုင်နင်းနေပါတယ်။ အခုကျနော်တို့ လုံခြုံရေးအသင့်အနေအထား ယူထားပါတယ်။ မောင်တောအခြေအနေ အရေးအရအဝင် အထွက်တွေကို ပိတ်ထားပါတယ်။ လုံခြုံရေး အရအားလုံးကို စစ်ဆေးနေပါတယ်။ အရေးပေါ်အခြေအနေမကြာခင် ထုတ်ပြန် ဖို့ရှိပါတယ်။”

နယ်ခြားစောင့်တပ်ဌာနချုပ်အပါအ၀င် စခန်း ၃ခုကိုRSO rohingya solidarity organization ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ အင်အား ၅၀၀လောက်ရှိနိုင်ပြီး လက်နက်အလက် ၁၀၀ လောက် ပါသွားတယ်လို့ မောင်တောမြို့၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးမောင်ရှိန်က ဒီဗွီဘီကိုပြောပါတယ်။

No comments: