Monday, October 10, 2016

နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် မောင်တောဒေသခံများ စိုးရိမ်မှုမြင့်တက်

ဝဏ္ဏခွာညို


နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ရပြီးနောက် မောင်တောဒေသခံတွေ ရခိုင်လူမျိုး တွေက စိုးရိမ်မှုမြင့်တက်လာနေတယ်လို့ ဒေသခံရခိုင်လူမျိုးတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တော်မြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းကို ဒီနေ့မနက် ၁ နာရီခန့်ကစပြီ RSO rohingya solidarity organization ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်လို့ နယ်ခြားစောင့်တပ်ဖွဲ့ ၉ ဦး ကျဆုံးပြီးနောက် အခုလိုစိုးရိမ်မှု မြှင့်တက်လာနေတယ်လို့ မောင်တော ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီလိုဖြစ်သွားတဲ့ မောင်တောမြို့နယ်ဖြစ်ရပ်ဟာ လုံခြုံမှုလုံးဝကင်းမဲ့သွားတယ်လို့ ကျနော်တို့ မြင်တယ်။ နိုင်ငံတော်အထိ ထိပါးစော်ကားစိန်ခေါ်လိုက်တဲ့ အဆင့်အထိ ဖြစ်သွားတယ်။ နောက်ပြီး နယ်ခြားတပ်ကလည်း ၁၂ ဦးတောင်မှ ပစ်သတ်လိုက်တာဟာ ဒီနိုင်ငံမှာ နေတယ်။ ဒီနိုင်ငံက ရေကို သောက်တယ်။ ဒီနိုင်ငံလူတွေကို သတ်ဖြတ်လိုက်တာ နိုင်ငံတော်ကို အကြီးအကျယ်စိန်ခေါ် လိုက်တာနဲ့အတူတူပါပဲ။ နောက်ပိုင်းမှာလည်း ကျနော်တို့ တိုင်းရင်းသားတွေ ရင်ဆိုင်လာရမယ့် အခြေအနေတွေဖြစ်လာမယ်။ အခုတကြိမ်က ကျနော်တို့ မြန်မာနိုင်ငံသားတွေ အကြီးအကျယ် သင်ခန်းစာတွေပေးလိုက်တာပါ။ မောင်တောနဲ့ ဘူးသီးတောင် ဒေသခံတွေတော်တော်လေးကို ထိတ်လန့်နေကြတယ်။”

မောင်တော ဘူးသီးတောင်စတဲ့ ဘင်္ဂါလီအပြင်ရခိုင်ပြည်နယ် အနှံ့အပြားမှာရှိတဲ့ ဘဂါင်္လီတွေကို ၁၉၈၂ ဥပဒေနဲ့ စိစစ်ဆောင်ရွက်ဖို့အပ်နေပြီး၊ သက်ဆိုင်ရာအစိုးရအနေနဲ့ ဘင်္ဂလီတွေလှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လို့အပ်နေတယ်လို့ ပြောပါတယ်။

မောင်တောနယ်စပ်မှာ လုံခြုံရေးအရ စနစ်တကျလုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ မောင်တော်မြို့နယ် အမည်မဖော်လိုသူ ကျန်းမာရေးမှူးတဦးက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော် အခုဆေးရုံကိုရောက်နေပါတယ်။ ဒဏ်ရာရထားတဲ့ တယောက်တွေ့ တယ်။ နယ်ခြားစောင့်တပ်ဖွဲ့တွေ သေဆုံးအလောင်းတွေ ဆေးရုံမှာထားပါတယ်။ ဒီမှာက အားလုံးက စိုးရိမ်နေကြပြီ။ နယ်ခြားစောင့်ပဲ အားကိုးနေနေရတာလေ။ နယ်ခြားစောင့်ဋ္ဌာနကို ဝင်စီး လိုက်ဆိုတာတော့ လူတိုင်းကတော့ စိုးရိမ်မှုတွေမြှင့်တက်လာတာပေါ့လေ။ လုံခြုံရေးအရ ဆိုရင်တော့ မောင်တောဖက်မှာ တနစ်ကျတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုအပ်နေတယ်။ ပိုပြီး စနစ်ကျတာ၊ ပိုပြီးအင်အားများတဲ့အဖွဲ့တွေ လိုနေတယ်။ ပြောချင်တာမောင်တောဒေသမှာ နိုင်ငံတော်က လုံခြုံရေးနဲ့ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ပေးဖို့လိုအပ်ပါတယ်။”

လက်တလောမှာ RSO rohingya solidarity organization ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့က ၇ ဦးကို အသေဖမ်းမိထားပြီး ဒေသခံတိုရဲ့လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်လို့ မောင်တောမြို့မရဲစခန်းမှ စခန်းမှူးကဒီဗွီဘီကို ပြောပါတယ်။

“အခုသတ်ဖြစ်ခံရတယ်ဆိုတော့ အားလုံးက စိုးရိမ်းမှုမြှင့်လာနေတယ်ပေါ့လေ။ အဲဒါတွေကိုတော့ ကျနော်တို့ရဲ တပ်ဖွဲ့ဝင်တွေရော နယ်ခြားစောင့်တပ်ဖွဲ့တွေရော လုံခြုံနဲ့အပြည့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ လက်တလောက်မှ ကျနော်တို့သိလောက်တော့ RSO အဖွဲ့က ၇ ယောက် အသေဖမ်းမိထားပါတယ်။ RSO အဖွဲ့ကလို့ ကျနော်တို့သိရပါတယ်။ ဒါလောက်ပဲ ကျနော်တို့ ပြောလို့ရမယ်ဗျ။”

နယ်ခြားစောင့်တပ်ဌာနချုပ်အပါအ၀င် စခန်း ၃ ခုကိုRSO rohingya solidarity organization ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ အင်အား ၅၀၀ လောက်ရှိနိုင်ပြီး လက်နက်အလက် ၁၀၀ လောက် ပါသွားတယ်လို့ မောင်တောမြို့၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးမောင်ရှိန်က ဒီဗွီဘီကိုပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင်ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ည ၇ နာရီသတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်ဖြစ်ပါ တယ်။

No comments: