Wednesday, October 12, 2016

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ရေးသားသည့် ဆရာမအား အရေးယူပေးရန် တိုင်းအစိုးရထံ တိုင်ကြား

စည်သူမောင်မောင်

နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ယက် ပေါ်တွင် ပုတ်ခတ်ရေးသားသည့် ညောင်တုန်းမြို့နယ်၊ ရွှေဂူ အ.မ.က ကျောင်းက ဆရာမဒေါ်သန္တာအား အရေးယူပေးရန် ညောင်တုန်းမြို့နယ် ပြည်သူများမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီးအား တိုင် ကြားခဲ့သည်။

အဆိုပါ တိုင်ကြားစာတွင် "ညောင်တုန်းမြို့နယ်၊ ရွှေဂူ အ.မ.က ကျောင်းမှဆရာမဒေါ်သန္တာသည် လူမှုကွန်ယက် ပေါ်၌ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော် တို့အား ဂုဏ်သိက္ခာ ညှိး နွမ်း ကျဆင်းအောင်ရေးသားခဲ့သည်၊ နိုင်ငံတော် အတိုင်ပင်ခံအား မိစ္ဆာမကြီး မကြာတော့ပါဘူး ၊ သေမင်းဆီ သွားရတော့မှာပါ၊ နိုင်ငံတော်သမ္မတကြီးအား မိစ္ဆာမ ထဘီအောက်ကနေ ထွက်မလာနိုင်တော့ဘူး” ဟု ရေး သားထားကြောင်း ထည့်သွင်းတိုင်ကြားထားသည်။

" အခုရက်ပိုင်းထဲမှာ ညောင်တုန်းက ဆရာမ ရေးသားတာကို စိစစ်ခိုင်းထားတယ်။ ပြစ်မှုထင်ရှားတယ်ဆိုရင် ထိထိရောက်ရောက်နဲ့ အရေးယူဖို့ အစီအစဉ်ရှိပါတယ်၊ ဆရာမတွေက ပညာအမွေပေးတဲ့ သူတွေပါ အခုလို တိုက်ခိုက်တာမျိုး မလုပ်သင့်ဘူး" ဟု ဧရာဝတီတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က မဇ္ဈိမသို့ ပြောသည့်။

စက်တင်ဘာလ နောက်ဆုံး အပတ်ကလည်း မြန်အောင်မြို့နယ်၊ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဆ ရာမ ဒေါ်ခင်စုအား နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အကြည်ညှိပျက်စေသည့် ပြောကြားမှုအား ပြင်းထန်စွာ သတိပေး ခံဝန်လက်မှတ် ထိုးခိုင်းထားပြီး ယင်းကဲ့သို့ ခံဝန်လက်မှတ်ထိုးရုံဖြင့် လုံလောက်မှုရှိမရှိ ပြန်လည် စိ စစ်ခိုင်းထားကြောင်း လူမှု ရေးဝန်ကြီးက ပြောသည်။

No comments: