Tuesday, October 11, 2016

ရခိုင်အကြမ်းဖက်မှု ဖြစ်စဉ်၌ ပျောက်ဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး နှင့် လက်နက်တစ်လက် ပြန်တွေ့

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်း(၃)ခုကို အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များ၌ ပျောက်ဆုံးခဲ့သော ရဲတပ်သားတစ်ဦးနှင့် လက်နက်တစ်လက်တို့ကို သီးခြားစီပြန်လည်တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၀ရက် နံနက် ၉နာရီခန့်က ရဲတပ်သား ကိုထိုက်အား ငါးခူရ ရဲစခန်းအနောက်ဘက် (၂)မိုင်ခန့်ရှိ ဓနီတောအတွင်းမှ ဒဏ်ရာရရှိမှု မရှိဘဲ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းမှာ ငါးခူရ နယ်မြေရဲစခန်းနှင့် လိုင်းခန်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရစဉ် လုံခြုံရေးတာဝန် ထမ်းဆောင်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များက ၎င်းစခန်း၏ ဗဟိုကင်းတစ်ဝိုက်ရှိ ခြုံများအတွင်း ရှာဖွေရှင်းလင်းစဉ် ထိုနေ့ ညနေ ၃ နာရီခန့်၌ ဗဟိုကင်းမှ ပျောက်ဆုံးခဲ့သော M 22 သေနတ်တစ်လက်ကို ပြန်လည် တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

No comments: