Monday, October 10, 2016

ရခိုင်နယ်ခြားစောင့်စခန်း တိုက်ခိုက်ခဲ့သည် အာအက်စ်အိုအဖွဲ့ဝင် ၅ ဦးသေ၊ ၁ ဦး အရှင်ဖမ်းမိ

DVB


ရခိုင်ပြည်နယ် မောင်တောနယ်စပ်ခြားစောင့်စခန်း စီးနင်းတိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူ အာအက်စ်အိုအကြမ်းဖက်အဖွဲ့ဘက်က ၅ ယောက် သေပြီး ၁ ယောက်ကို အရှင်ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခုက နယ်ဖြားစောင့်ဘက်က အကုန်လုံး ပေါင်းလိုက်ရင် ၁၀ ကျော် ကျတယ်။ ဟိုဘက်က ၅ ယောက် ကျတယ်။ ၁ ယောက် အရှင် ဖမ်းရတယ်။ အာအက်စ်အိုတွေပေါ့။ ပုံတွေကြည့်ရတာ ဒီဘက်က လူတွေ မဟုတ်ဘူး။ ပုံတွေက တကယ့် အာအက်စ်အို အစစ် ပုံတွေ။”

မောင်တောတ၀ိုက်မှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာလေ့ မရှိဘူးလို့လည်း သူ ပြောပါတယ်။

ပြည်နယ်အစိုးရက မောင်တောမြို့နယ်ထဲမှာ ဒီမနက်အစောပိုင်းက နယ်ခြားစောင့်တပ်စခန်း ၃ခု စီးနင်းတိုက်ခိုက်ခံရပြီး ဘယ်အဖွဲ့အစည်းက လုပ်သလည်းဆိုတာတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

No comments: