Friday, December 13, 2013

မိ​ကျောင်း​ကန် ​သ​ပိတ်​စ​ခန်း ၃ ​လ ​ယာ​ယီ ​ရပ်​ဆိုင်း

DVB

သ​င်္ကန်း​ကျွန်း​မြို့​နယ် ​မိ​ကျောင်း​ကန်​မှာ ​မြေ​ယာ​သိမ်း​ဆည်း​မှု​အ​တွက် ​သ​ပိတ်​စ​ခန်း​ဖွင့် ​ဆ​န္ဒ​ပြ​နေ​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​သ​ပိတ်​စ​ခန်း​ကို ၃ ​လ​ကြာ ​ယာ​ယီ ​ပိတ်​သိမ်း​လိုက်​ပြီ ​ဖြစ်​ပါ​တယ်။

သိမ်း​ဆည်း​ခံ ​မြေ​ယာ​တွေ​ကိ​စ္စ ​ဖြေ​ရှင်း​ပေး​ဖို့ ​သ​ပိတ်​စ​ခန်း​ဖွင့်​ပြီး ​ဆ​န္ဒ​ပြ ​တောင်း​ဆို​နေ​သူ​တွေ​ကို ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​က ​ဒီ​ဇင်​ဘာ ၉ ​ရက် ​ည​နေ ၆ ​နာ​ရီ ​မ​တိုင်​ခင် ​ဖယ်​ရှား​ပေး​ဖို့ ​သ​တိ​ပေး​ထား​ပေ​မယ့်​ ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​သ​ပိတ်​စ​ခန်း ​မ​ရုပ်​သိမ်း​ဘဲ ​ဆက်​လက် ​ဆ​န္ဒ​ပြ​နေ​ကြ​တာ ​ဖြစ်​ပါ​တယ်။

သ​ပိတ်​စ​ခန်း ​ဖွင့်​ပြီး ၁၇ ​ရက်​အ​ကြာ ​ဒီ​နေ့​မ​နက်​မှာ​တော့​ ​လွှတ်​တော် ​လယ်​ယာ​မြေ ​စုံ​စမ်း​စစ်​ဆေး​ရေး​ကော်​မ​ရှင်​က ​တာဝန်​ရှိ​သူ​တွေ ​လာ​ရောက်​ပြီး​ ​ဒီ​ကိ​စ္စ ​ကြား​၀င် ​ညှိ​နှိုင်း ​လုပ်​ဆောင်​ပေး​မယ်​လို့ ​က​တိ​ပေး​တဲ့​အ​တွက် ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​သ​ပိတ်​စ​ခန်း​ကို ​ရုပ်​သိမ်း ​လိုက်​တာ ​ဖြစ်​ပါ​တယ်။

မြေ​ယာ​စုံ​စမ်း​စစ်​ဆေး​ရေး ​ကော်​မ​ရှင်​က ​လာ​ရောက် ​ရှင်း​လင်း​ပြ​တဲ့​အ​ပေါ်​မှာ ​မူ​တည်​ပြီး​တော့ ​ဆ​န္ဒ​ပြ​တဲ့​သူ​တွေ​က ​ဆ​န္ဒ​ပြ​တာ​ကို ၃ ​လ ​ရုပ်​သိမ်း​ပေး​တဲ့​အ​ကြောင်း ​မိ​ကျောင်း​ကန် ​ဆ​န္ဒ​ပြ​ပွဲ​ကို ​သွား​ရောက် ​ကူ​ညီ​ပေး​နေ​တဲ့ ၂၀၀၇ ​ခု​နှစ် ​ကုန်​ဈေး​နှုန်း ​ကျ​ဆင်း​ရေး​အ​ဖွဲ့​က ​ဦး​သိန်း​အောင်​မြင့်​က ​ပြော​ပါ​တယ်။

“​လယ်​ယာ​မြေ ​စုံ​စမ်း​စစ်​ဆေး​ရေး ​ကော်​မ​ရှင်​က ​ဦး​အောင်​သိန်း​လင်း ​က ​ဆောင်​ရွက်​ပေး​တယ်​ဆို​တဲ့​အ​ကြောင်း​ကို ​တ​ရား​၀င်​စာ​လာ​ပို့​ပါ​တယ်။ ​အ​ခု​လာ​မယ့် ​လွှတ်​တော်​မှာ ​တ​ရား​၀င်​တင်​ပြ​မှာ​ဖြစ်​ပါ​တယ်။ ​အ​ခု​လို ​လုပ်​ရပ်​တွေ​ကို ​ဆောင်​ရွက်​နေ​တဲ့​အ​ကြောင်း ​ပြန်​စာ​တွေ​နဲ့ ​ဦး​အောင်​သိန်း​လင်း ​ရှင်း​ပြ​သွား​တယ်။ ​သ​ပိတ်​စ​ခန်း​အ​နေ​နဲ့ ​လွှတ်​တော် ​တင်​တာ​ကို ​အ​စိုး​ရ​အ​နေ​နဲ့ ​လုပ်​ဆောင်​မယ့်​အ​ပေါ်​မှာ ​စောင့်​ကြည့်​မယ်​ပေါ့​။ ​အဲ​ဒီ​စောင့်​ကြည့်​တဲ့​အ​ဖြေ​က ​မိ​ကျောင်း​ကန် ​ပြည်​သူ​တွေ ​ကျေ​နပ် ​နှစ်​သိမ့်​မယ်​ဆို​ရင်​တော့ ​ဘာ​မှ​မ​ဖြစ်​ဘူး​။ ​မ​ကျေ​နပ်​ဘူး​ဆို​ရင် ​နောက် ၃ ​လ ​အ​ကြာ​မှာ ​ဆက်​လက် ​ဆ​န္ဒ​ထုတ်​ဖော်​မယ်​လို့ ​ပြော​သွား​ပါ​တယ်။”


ဒီ​ပြဿ​နာ​ကို ​လာ​ရောက် ​ဖြေ​ရှင်း​ပေး​ခဲ့​တဲ့​ ​ပြည်​သူ့​လွှတ်​တော် ​မြေ​ယာ​စုံ​စမ်း​စစ်​ဆေး​ရေး ​ကော်​မ​ရှင်​အ​ဖွဲ့​၀င် ​အ​မတ် ​ဦး​အောင်​သိန်း​လင်း​က ၁၉၉၁ ​ခု​နှစ်​က​တည်း​က ​စစ်​တပ်​က ​ဒီ ​မြေ​ယာ​တွေ​ကို ​သိမ်း​ဆည်း​ထား​ပေ​မယ့် ​ဒီ ​မြေ​တွေ​ပေါ်​မှာ ​စီ​မံ​ကိန်း ​အ​ကောင်​ထည်​ဖော် ​ဆောင်​ရွက်​ခြင်း ​မ​ရှိ​တဲ့​အ​တွက် ​ကော်​မ​ရှင် ​စုံ​စမ်း​စစ်​ဆေး​ရ​မယ့် ​အ​ထဲ​မှာ ​ပါ​နေ​သ​လို ​စိ​စစ် ​ဆောင်​ရွက်​နေ​တဲ့​အ​ကြောင်း​ ​ဆ​န္ဒ​ပြ​သူ​တွေ​ကို ​ရှင်း​ပြ​ခဲ့​တယ်​လို့​ ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​လွှတ်​တော်​ထဲ​မှာ​လည်း ​ဒီ​ကိ​စ္စ​ကို ​မေး​မြန်း​ထား​ပြီး ​လွှတ်​တော်​က​တ​ဆင့် ​အ​စိုး​ရ​ကို ​ဆက်​လက် ​ပေး​ပို့​ပေး​သွား​မှာ​ဖြစ်​တဲ့​အ​ကြောင်း​၊ ​အ​စိုး​ရ​အ​နေ​နဲ့ ​ဒီ​ကိ​စ္စ​အ​တွက် ​အ​ဖြေ​တ​ခု ​ရ​ရှိ​အောင် ​ဆောင်​ရွက်​ပေး​သင့်​တဲ့​ကြောင်း ​ဦး​အောင်​သိန်း​လင်း​က ​ပြော​ပါ​တယ်။

“​ဒါ​နဲ့​ပတ်​သက်​ပြီး ​အ​စိုး​ရ​က ​အ​ဖြေ​တ​ခု ​ဆောင်​ရွက်​ပေး​စေ​ချင်​ပါ​တယ်။ ​မ​ဟုတ်​ရင် ​ဒီ​လို​ပဲ ​ခ​ဏ​ခ​ဏ ​ဆ​န္ဒ​ဖော်​ထုတ်​တာ​တွေ ​ဖြစ်​နေ​မယ်​ဆို​ရင် ​တိုင်း​ပြည်​ရဲ့ ​ပုံ​ရိပ် ​ကျ​မယ်​လို့ ​ကျ​နော်​ထင်​တယ်။ ​အ​ခု​လည်း ​ဆီး​ဂိမ်း​လုပ်​နေ​တယ်​ဆို​တော့ ​တိုင်း​ပြည်​ရဲ့ ​ပုံ​ရိပ်​ကို ​ထိ​ခိုက်​နိုင်​တာ​ပေါ့​။ ​နောင်​လည်း ​ဒီ​ကိ​စ္စ​တွေ​က ​ဖုံး​ကွယ်​ထား​လို့​ရ​တဲ့ ​ကိ​စ္စ​တွေ ​မ​ဟုတ်​ဘူး​၊ ​ဆ​န္ဒ​ဖော်​ထုတ်​တာ​တွေ​ကို ​တ​က​မ္ဘာ​လုံး ​ဟိုး​လေး​တ​ကျော် ​ကြည့်​နေ​ကြ​တာ။ ​အ​စိုး​ရ​က ​အ​သေ​အ​ချာ ​ကျ​နော်​တို့ ​စိ​စစ်​သ​လို ​စိ​စစ်​ပြီး ​ပြည်​သူ​ကို​ဗ​ဟို​ပြု ​ချည်း​ကပ်​နည်း​နဲ့ ​စ​ဉ်း​စား​ဆုံး​ဖြတ်​ပေး​လိမ့်​မယ်​လို့​၊ ​အဲ​လို ​စ​ဉ်း​စား​ဆုံး​ဖြတ်​ပေး​ပါ​လို့ ​ကျ​နော့်​အ​နေ​နဲ့ ​ပြော​ချင်​တယ်။”

 ​သ​င်္ဃန်း​ကျွန်း​မြို့​နယ် ​မိ​ကျောင်း​ကန်​အ​ပိုင်း ၁ ဝေ​ဇ​ယ​န္တာ​လမ်း​က ​မြ​စာ​ရံ​အေး​စေ​တီ ​အ​နား​မှာ ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​သ​ပိတ်​စ​ခန်း ​ဖွင့်​လှစ်​ပြီး ​သိမ်း​ဆည်း​ခံ​မြေ​တွေ​ကို ​ပြန်​လည် ​ရ​ရှိ​ရေး ​ကြွေး​ကြော် ​ဆ​န္ဒ​ပြ​နေ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့​ရက်​ပိုင်း​က​တော့​ ​လုံ​ခြုံ​ရေး​တပ်​ဖွဲ့​၀င်​တွေ​က ​သ​ပိတ်​စ​ခန်း​အ​နီး ​အင်​အား ​အ​လုံး​အ​ရင်း​နဲ့ ၀င်​ရောက်​လာ​ပြီး​နောက် ​ဆ​န္ဒ​ပြ​သ​မား​တွေ​နဲ့ ​ထိပ်​တိုက်​တွေ့​ရာ​မှာ ​ဆ​န္ဒ​ပြ​သူ ၈ ​ဦး ​ဒဏ်​ရာ ​ရ​ရှိ​ခဲ့​ပါ​တယ်။

ဆ​န္ဒ​ပြ​သူ​တွေ​က​တော့​ ​မြေ​သိမ်း​မှု​နဲ့ ​ပတ်​သက်​ပြီး ​ကျူး​ကျော်​မြေ ​ဟုတ်၊ ​မ​ဟုတ် ​အ​ထောက်​အ​ထား​တွေ​နဲ့ ​အ​စ​ဉ်​အ​ဆက် ​နေ​ထိုင်​လာ​ခဲ့​တဲ့ ​တ​ရား​၀င်​လမ်း​တွေ၊ ​အိမ်​အ​မှတ်​တွေ​နဲ့ ​မြေ​ခွန်​ဆောင်​ထား​တဲ့ ​ပြေ​စာ​တွေ ​ရှိ​နေ​ပြီး​ ​လွှတ်​တော်​က ​ဖြေ​ရှင်း​ပေး​မယ့်​ကိ​စ္စ ​ကျေ​နပ်​လောက်​တဲ့ ​အ​ဖြေ​မ​ရ​ရင်​တော့ ​ထပ်​မံ ​ဆ​န္ဒ​ပြ​သွား​မယ်​လို့ ​ပြော​ပါ​တယ်။

No comments: