ABC
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြစ်မှုနဲ့ အကျဉ်းကျခံရသူတွေ၊ နိုင်ငံရေး ပြစ်မှုနဲ့ တရားစွဲဆို ခံထားရသူတွေ အားလုံးအတွက် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတော် တည်ငြိမ်းရေး၊ ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်နိုင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ဖို့အပြင် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်တာဖြစ်တယ်လို့ သမ္မတရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အချိန်အထိ အပိုဒ် ၃ ပါ ပြစ်မှုနဲ့ ဆက်စပ်ပြီး ပြစ်ဒဏ်ချခံရသူတွေ လွတ်ငြိမ်းခွင့်နဲ့ တရားရုံးမှာ ကြားနာနေဆဲ အမှုတွေ၊ စုံစမ်းအရေးယူနေဆဲ အမှုတွေ အားလုံးကို ပိတ်ချဖို့ ပါရှိပါတယ်။
အဲဒါ့အပြင် မတရားအသင်း အက်ဥပဒေပါ ပြစ်မှုတွေ၊ နိုင်ငံတော် သစ္စာဖောက် ပုန်ကန်မှုတွေ၊ အကြည်ညိုပျက်အောင် ပြုလုပ်မှုတွေ၊ နိုင်ငံတော်ကို ဖျက်ဆီးလိုသူတွေ ပြစ်မှုတွေအပြင် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ အရေးပေါ် စီမံမှု ပြစ်မှုအရ အရေးယူခံရသူတွေကိုပါ လွတ်ငြိမ်းခွင့် ပေးဖို့ ပါရှိပါတယ်။
ဒီလို ကြေညာချက်ကြောင့် လွတ်ငြိမ်းခွင့်နဲ့ လွတ်လာမယ့်သူ ဦးရေကို ဒီကနေ့ သိရမှာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက နိုင်ငံရေးအကျဉ်းသား အားလုံးကို ၂၀၁၃ ခုနှစ် မကုန်မီ လွတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
No comments:
Post a Comment