Friday, December 20, 2013

မြန်မာအမျိုးသမီး ပွဲစဉ် ဒိုင်လူကြီး အတိုင်ခံရဖို့ရှိ

ABC

မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့ ​ထိုင်းဘောလုံးအသင်းတို့ ​ယှဉ်ပြိုင်ကစားကြတဲ့ပွဲမှာ ​ဒိုင်လူကြီးဖက်က ​အတွေ့အကြုံနည်းမှုနဲ့ ​မျက်နှာလိုက်သလို ​ကိစ္စရပ်တွေကို ​အာရှဘောလုံးအဖွဲ့ချုပ်ကို ​တင်ပြတိုင်တန်းသွားမယ်လို့ ​မြန်မာအမျိုးသမီး ​ဘောလုံးနည်းပြက ​ပြောပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ​မန္တလေးမြို့မှာ ​ကန်ခဲ့တဲ့ ​ပွဲအတွင်း ​ဒိုင်လူကြီးရဲ့ ​လုပ်ရပ်ဟာ ​ထိုင်းအသင်းကို ​မျက်နှာသာ ​ပေးသလို ​ဖြစ်နေတဲ့အတွက် ​တိုင်တန်းမှာဖြစ်တယ်လို့ ​မြန်မာအမျိုးသမီး ​ဘောလုံးနည်းပြ ​Kumada ​Yoshinori ​က ​ပြောပါတယ်။

တဆက်တည်းမှာပဲ ​အသက် ​၂၃ ​နှစ်အောက် ​အမျိုးသား ​ဘောလုံးပြိုင်ပွဲမှာတော့ ​အင်ဒိုနီးရှားအသင်းနဲ့ ​ထိုင်းနိုင်ငံအသင်းတို့ ​ဆီးဂိမ်းဖလားအတွက် ​ဗိုလ်လုကြမှာ ​ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအသင်းက ​စင်္ကာပူအသင်းကို ​အနိုင်ယူပြီး ​ဗိုလ်လုပွဲရောက်သွားတာဖြစ်သလို ​မြန်မာပြည်သူတွေကို ​ကြေကွဲအောင် ​လုပ်ခဲ့တဲ့ ​အင်ဒိုနီးရှားနိုင်ငံအသင်းကလည်း ​မလေးရှားအသင်းကို ​အနိုင်ရပြီး ​ထိုင်းနိုင်ငံနဲ့ ​ဗိုလ်လုကြမှာ ​ဖြစ်ပါတယ်။

ခုလောလောဆယ် ​ဆီးဂိမ်းဇယားမှာ ​ထိုင်းနိုင်ငံက ​ရွှေတံဆိပ် ​၈၂ ​ခုနှစ်နဲ့ ​ထိပ်ဆုံးနေရာ၊ ​ဗီယက်နမ်အသင်းက ​ရွှေတံဆိပ် ​၆၄ ​ခုနဲ့ ​ဒုတိယနေရာရောက်နေပြီး ​မြန်မာနိုင်ငံက ​ရွှေတံဆိပ် ​အခု ​၆၀ ​နဲ့ ​တတိယနေရာမှာ ​လိုက်နေပါတယ်။

ဆီးဂိမ်းအားကစားပွဲတော်မှာ ​မြန်မာက ​ပဉ္စမနေရာ ​ရလိမ့်မယ်လို့ ​ထင်ကြေးပေးထားပေမယ့် ​ခုလောလောဆယ် ​တတိယနေရာ ​ရောက်နေတဲ့အတွက် ​ထင်ထားတာထက် ​အလားအလာကောင်းနေတဲ့ ​အခြေအနေမှာ ​ရှိနေပါတယ်။

၂၇ ​ကြိမ်မြောက် ​ဆီးဂိမ်းကစားပွဲတွေကို ​ဒီဇင်ဘာလ ​၂၁ ​ရက်နေ့မှာ ​အားလုံး ​အပြီးသတ်ကစားပြီး ​ဒီဇင်ဘာလ ​၂၂ ​ရက်နေ့မှာတော့ ​ပိတ်ပွဲအခမ်းအနားကို ​ကျင်းပမှာ ​ဖြစ်ပါတယ်။

No comments: