ABC
နှစ်ပေါင်း လေးဆယ်ကျော်ကြာမှ မြန်မာနိုင်ငံနိုင်ငံက ပြန်လည်ကျင်းပခွင့်ရခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲ ပြီးဆုံးသွားပြီး ပိတ်ပွဲ အခမ်းအနားတွေကိုလည်း ကျင်းပခဲ့ကြပါတယ်။
ရောင်စုံမီးပန်းတွေ၊ ထောင်နဲ့ချီတဲ့ အကသမားတွေနဲ့ တခမ်းတနားကျင်းပခဲ့တာဖြစ်ပြီး ဒီအားကစားပွဲဟာ တချိန်က နိုင်ငံတကာနဲ့ အဆက်ပြတ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစင်မြင့်ပေါ် ပြန်ရောက်လာပြီဆိုတာကို ပြသလိုက်တဲ့ ပွဲဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ခုလို ပွဲမျိုးကို နိုင်ငံတကာအဆင့်မှီ လုပ်နိုင်ပါ့မလားလို့ သံသယဖြစ်ခဲ့တာတွေ ရှိပေမယ့် အဆင်ပြေစွာ လုပ်နိုင်ခဲ့တယ်လို့ သုံးသပ်ကြပြီး ကစားကွင်းတစ်ခုနဲ့ တစ်ခု ကွာဝေးလွန်းတာကိုတော့ ဝေဖန်ခဲ့ကြပါတယ်။
အဲဒါ့အပြင် တရုတ်နိုင်ငံက ဒီအားကစားပွဲအတွက် ဒေါ်လာ ၃၃ သန်းနဲ့ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ခဲ့တဲ့ အပေါ်မှာလည်း ဝေဖန်ခံခဲ့ရပါတယ်။
ပိတ်ပွဲအခမ်းအနားကို သမ္မတဦးသိန်းစိန်လည်း တက်ရောက်ခဲ့ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲအတွင်း နိုင်ငံတကာက မသိတဲ့ အားကစားကို ကစားခွင့်၊ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဒီအချိန်ဟာ နိုင်ငံငယ်တွေ ထွန်းပေါက်ဖို့ အခွင့်အရေးရကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ပွဲအတွင်း နိုင်ငံတကာမှာ ခေတ်စားတဲ့ အားကစားတချို့ မထည့်ပဲ ရွှေတံဆိပ်တွေပိုရအောင် ချင်းလုံးလို အားကစားမျိုး ထည့်ထားတယ်ဆိုပြီးတော့လည်း ဝေဖန်ခဲ့ကြပါတယ်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်းနိုင်ငံက ထိပ်ဆုံးနေရာ ရရှိခဲ့ပြီး နံပတ် ၅ နေရာ လောက်မှာ ရမယ်လို့ ခန့်မှန်းထားတဲ့ မြန်မာနိုင်ငံကတော့ ထင်ထားတာထက် ကောင်းမွန်အောင် ကစားနိုင်ခဲ့ပြီး ဒုတိယနေရာ ရရှိသွားပါတယ်။
၂၈ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်ကို လာမည့် ၂၀၁၅ ကျရင် စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာ ဖြစ်ပါတယ်။
No comments:
Post a Comment