ABC
မြန်မာနိုင်ငံကနေလာတဲ့ ရိုဟင်ဂျာတွေကို လူကုန်ကူးတဲ့အဖွဲ့တွေဆီ ပို့ဆောင်တဲ့နေရာမှာ ထိုင်းရေ တပ်က ပါဝင်ပတ်သက်တယ်ဆိုတဲ့ သတင်းကို ရေးသားတင်ပြခဲ့တဲ့ သတင်းဌာနတခုကို ထိုင်းရေတပ်က အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
တရားစွဲခံရတဲ့ ထိုင်းနိုင်ငံအခြေစိုက် Phuketwan သတင်းအင်တာနက် ၀က်ဆိုက်ဟာ ရိုဟင်ဂျာ သတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လိုင်လတုန်းက နိုင်ငံတကာ သတင်းဌာကြီးတခုဖြစ်တဲ့ Reuters သတင်းဌာနက စုံစမ်းပြီး ရေးသားတင်ပြထားတဲ့သတင်းကို ကိုးကားရေးသားခဲ့ပါတယ်။
အဲဒါကတော့ မြန်မာနိုင်ငံကနေပြီး ထိုင်းနိုင်ငံကို လှေတွေနဲ့ တရားမ၀င်ရောက်လာတဲ့ ရိုဟင်ဂျာတွေ လူကုန်ကူးသူလက်ထဲပို့ခံရတဲ့ ကိစ္စတွေမှာ ထိုင်းရေတပ်က ပါဝင်လုပ်ဆောင်ပေးတာတွေရှိတယ် ဆိုပြီးတော့ Reuters သတင်းက စုံစမ်းပြီး ရေးသားဖော်ခဲ့တာဖြစ်ပါတယ်။
Phuketwan သတင်းဌာ အယ်ဒီဖာ Alan Morison ရဲ့အဆိုအရ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သူနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက် Chutima Sidasathian တို့ကို ရေတပ်ကိုနံမည်ဖျက်မှုနဲ့ ကွန်ပြူတာနည်းပညာဆိုင်ရာ ပြစ်မှု ပုဒ်မတွေနဲ့ တရားဆွဲထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီတရားစွဲမှုဟာ Phuketwan သတင်းဌာနကို မရပ်တန့်နိုင်ဘူးလို့တော့ ပြောပါတယ်။
လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကတော့ အခုလို တရားစွဲဆိုထားမှုဟာ မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာရောက်နေတယ်လို့ ထိုင်းအစိုးကို ဝေဖန် သတိပေးလိုက်ပါတယ်။
တရားစွဲခံရတဲ့ သတင်းစာဆရာနှစ်ဦးဟာ အပြစ်ရှိတယ်လို့ တရားရုံးက တွေ့ရှိခဲ့မယ်ဆိုရင်တော့ အနည်းဆုံး ထောင်ဒဏ် ငါးနှစ် ဒါမှမဟုတ် ဒဏ်ငွေအနေနဲ့ ဒေါ်လာ သုံးထောင်နဲ့ညီမျှတဲ့ ဘတ်ငွေ တစ်သိန်းပေးဆောင်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် Reuters သတင်းဌာကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ တိုင်းတန်းမှု တစုံတရာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
No comments:
Post a Comment