Thursday, December 19, 2013

တရုတ်နိုင်ငံသား ၁၈ ဦး မြစ်ကြီးနားတွင် ဖမ်းဆီးထား

ဟိန်းကိုစိုး

ကချင်ပြည်နယ်၊ တနိုင်းမြို့အနီး သတ္တုလုပ်ကွက် လာရောက်ရှာဖွေနေသည့် အလည်အပတ်ဗီဇာ ကိုင် ဆောင်ထားသူ တရုတ်နိုင်ငံသား ၁၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီး စစ်ဆေးနေသည်ဟု ကချင်ပြည်နယ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်သိန်းက ဒီဇင်ဘာ ၁၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အလည်အပတ်ဗီဇာနဲ့က စီးပွားရေးလုပ်လို့မရဘူး။ နောက်တစ်ခုက သူတို့က ကန့်သတ်နယ်မြေကိုသွား တာရယ်၊ တရားမ၀င် စီးပွားရေးလာလုပ်တာရယ်ကြောင့် လ၀က,ကနေပြီးတော့ အခု စစ်နေတယ်”ဟု ၎င်းက ပြောသည်။

ယင်းတို့သည် တရုတ်နိုင်ငံ ရန်းတုန် ကုမ္ပဏီအတွက် သတ္တုလုပ်ကွက် လာရောက် ရှာဖွေနေခြင်းဖြစ်ပြီး ယမန်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့မရဲစခန်း မှတ်တမ်းများက ဆိုသည်။

“တစ်နေ့ကို လုပ်အားခ ယွမ်ငါးထောင်နဲ့ ရန်းတုန်ကုမ္ပဏီအတွက် သတ္တုလာရှာပေးတာလို့ ထွက်ဆိုထား တယ်”ဟု ဒီဇင်ဘာ ၁၈ ရက်တွင် မြို့မရဲစခန်း တာဝန်မှူးတာဝန်ထမ်းဆောင်နေသူ ဒုရဲအုပ်က ပြော သည်။

ယင်းတို့ကို မြစ်ကြီးနား မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့တွင် နေရာခွဲ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုဖွင့်မည်မဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကသာ လ.၀.က အက်ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲသွား ရန် စီစဉ်ထားသည်ဟု မြို့မရဲစခန်း တာဝန်ရှိသူက ပြောသည်။

No comments: