ဟိန်းကိုစိုး
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များဖြင့် လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ရန် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့်အတွက် ပျက်ပြယ်ခဲ့သည်။
အဆိုကို ဒီဇင်ဘာ ၉ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် လှိုင်သာယာမြို့ နယ်အမှတ်(၂)မဲဆန္ဒနယ်မှ ဦးနေလင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းကို ယနေ့ ကျင်းပသည့် လွှတ် တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ပြီးနောက် မှတ်တမ်းအဖြစ်သာ ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုကို ကိုယ်စားလှယ်ငါးဦးက ထောက်ခံဆွေးနွေးခဲ့သော်လည်း တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးစိုးမင်းက ပြည်ထောင်စုလွှတ်တော်တွင်လည်း ယင်းသို့ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်နေသဖြင့် မှတ်တမ်းအဖြစ်သာ ထားရှိသင့်သည်ဟု လွှတ်တော်သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“အခုလက်ရှိမှာပဲ ပြည်ထောင်စုအစိုးရက ပြည်သူ့လွှတ်တော် လယ်ယာမြေများနှင့် အခြားမြေများ သိမ်းဆည်းမှုကြောင့် နစ်နာမှုမရှိရေး ကော်မရှင်အစီရင်အခံစာအရ ရန်ကုန်တိုင်းမှာ ဖြေရှင်းရမယ့် အမှုတွေ ကို ပို့ထားလို့ ဖြေရှင်းနေပါတယ်၊ ဒါကြောင့် အခု ဒီအဆိုကို မှတ်တမ်းအနေနဲ့ပဲ ထားပေးဖို့ တောင်းဆိုပါ တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် ကော်မရှင်က ပေးပို့ထားသည့် အမှုပေါင်း ၉၈ မှုအပေါ် ရန်ကုန် တိုင်းအစိုးရက ဖြေရှင်းဆောင်ရွက်နေပြီး ၇၃ မှု စိစစ်ပြီးဖြစ်သည်ဟု ဦးစိုးမင်းက ဆိုသည်။ ရန်ကုန်တိုင်း ၌ မြေယာအငြင်းပွားမှုများကို ဖြေရှင်းရန် တိုင်းဒေသ၀န်ကြီးများ ဦးဆောင်သည့် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေပြီး ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာကော်မတီကို သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျော် ကြေးနစ်နာကြေး စိစစ်ရေးကော်မတီကို စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနတို့က တာဝန်ယူ ဆောင်ရွက်နေသည်။
ထို့ပြင် စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းများဆိုင်ရာ မြေယာသိမ်းဆည်းမှုများ စိစစ်ရေးကော်မတီကို တိုင်းစက်မှုဇုန်တာဝန်ခံ၊ အစိုးရ၀န်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ကုမ္ပဏီများနှင့်ပတ်သက်သည့် မြေယာသိမ်းဆည်းမှုများအတွက် မြေယာသိမ်းဆည်းခံပြည်သူများ ညှိနှိုင်းရေးကော်မတီကို စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီးဌာနတို့က ဆောင်ရွက်ရန် တာဝန်ခွဲပေးထားသည်။
No comments:
Post a Comment