ရဲလင်းထွဋ်
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ် အလုပ်အမှုဆောင်အသစ်များကို ဒီဇင်ဘာ၂၂ရက်က ရန်ကုန် မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကြီးမှူး ၍ ပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌဟောင်းပင် ဆက်လက် ရွေးချယ်တင်မြှောက်ခံရကြောင်း သိရသည်။
“ကျွန်တော်တို့ပေးထားတဲ့ကတိ ပြည့်သွားလို့ ရွေးချယ်ပွဲပြန်လုပ်တာ ဖြစ်ပါတယ်။ ဒါပြီးရင် ဖွဲ့စည်းပုံအရ သက်တမ်းနှစ်နှစ်ဖြစ်ပါမယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးချယ်ပွဲဖြစ်အောင် အတတ်နိုင်ဆုံး စီစဉ်ထား ပါတယ်။ အသင်းက ညီညွတ်လာရင် ၀န်ကြီးဌာနကလည်း လုပ်ပိုင်ခွင့်တာဝန် ပိုမိုချပေးမှာဖြစ်ပါတယ်။ အသင်းက မညီညွတ်ရင် နိုင်ငံတော်က လုပ်ပိုင်ခွင့်ချပေးဖို့ ခက်ခဲပါတယ်။ အသင်းက အားလုံး တညီတ ညွတ်တည်းဖြစ်ရင် ဒါ့ထက်မက အသင်းရဲ့ကောင်းကျိုး အခက်အခဲအားလုံးကို စုပေါင်းဖြေရှင်းနိုင်မှာ ဖြစ် ပါတယ်”ဟု အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က မဇ္ဈိမကို ပြောသည်။
အဆိုပါရွေးချယ်တင်မြှောက်ရေးပွဲသို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၇၅ ခုရှိရာမှ ၁၃၃ ခုတက်ရောက် ပြီး ၇၃ ရာခိုင်နှုန်းသောကိုယ်စားလှယ် ၉၇ ဦး တက်ရောက်ခဲ့ကြောင်း ရွေးချယ်တင်မြှောက်ရေးဥက္ကဋ္ဌ ဦး ခင်အောင်ထွန်းက ပြောသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၄ ရက်က စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါအသင်းတွင် အမှုဆောင်တာဝန်များ ကို ယခင်က သက်တမ်းမှာ ခြောက်လအဖြစ် သတ်မှတ်ခဲ့ပြီး ယခု ထပ်မံရွေးချယ်တင်မြှောက်သည့် အ လုပ်အမှုဆောင်အဖွဲ့သစ်လက်ထက်တွင် သက်တမ်းနှစ်နှစ်သို့ တိုးမြှင့်သတ်မှတ်သွားရန်ရှိကြောင်း သိရ သည်။
အသင်းကြီးတွင် အလုပ်အမှုဆောင်ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ခံရန်အတွက် သက်တမ်း ၅ နှစ်နှင့် အထက်ရှိသော အေဂျင်စီများကိုသာ ၀င်ရောက် ရွေးချယ်ခွင့်ပြုရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment