Monday, December 16, 2013

ထိုင်းရောက် မြန်မာနိုင်ငံသားများအား UNFPA ကတွေ့ဆုံဆွေးနွေး

သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံတိုင်းရင်းသား လူမှုအသိုင်းအဝိုင်းပေါင်းစုံအား UNFPA (United Nations Population Fund) မှ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်က အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ပါသည်။

“မြန်မာနိုင်ငံလူဦးရေကောက်ယူရေးအတွက် အကူအညီပေးတဲ့ ယူအဲန်ကတာဝန်ရှိသူပေါ့ ကျနော်တို့ကို ဆွေး နွေးတာ။ ဆဲမ်မီနာသဘောပါ။ ဆွေးနွေးပွဲတက်တဲ့လူ ၁၀၀ လောက်ရှိတယ်။ အဖွဲ့အစည်းပေါင်းစုံပေါ့။ နိုင်ငံရေးပါတီကော၊ လက် နက်ကိုင်အဖွဲ့ အစည်းရော၊ လူမှုအဖွဲ့အစည်းရောပေါ့။ အီးဘီအိုက စဝ်ဟန်ယောင်ဟွေက အကျိုးတော်ဆောင် ပေးတယ်” ဟု တွေ့ဆုံဆွေးနွေးပွဲတက်ရောက်သူ စိုင်းမွန်းကပြောသည်။

တွ့ဆုံပွဲကို ပြီးခဲ့သည့် ကြာသပတေးနေ့ ဒီဇင်ဘာ ၁၂ ရက်က ချင်းမိုင်မြို့ ဟောလီးဒေး အင်းတွင် ပြုလုပ်ခဲ့သည်။

လာမည့်နှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြုလုပ်မည့် တနိုင်ငံလုံး သန်းခေါင်စာရင်းကောက် ယူမည့် ကိစနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။

“သန်းခေါင်စာရင်းကို တာဝန်ရှိတဲ့သူတွေက သတ်မှတ်ထားတဲ့ ဧရိယာထဲကဘဲကောက်မယ်လို့ပြောတယ်။ နယ် စပ်ရောက် ဒုက္ခသည်တွေအတွက် ဘယ်လိုစီစဉ်ထားလဲလို့မေးတော့ သူတို့က အဲဒီအကြောင်း ထပ်ဆွေးနွေး ရဦးမယ်လို့ဘဲ ပြန်ဖြေတယ်လေ။ တိကျတဲ့အဖြေ မပေးနိုင်ဘူးလေ” ဟု ဆိုပါသည်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ကိုယ်စား UNFPA မှ Janet Jackson က ဆွေးနွေးပွဲတက်ရောက်သူများအား စကိုက်ဖြင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။

“ကျနော်တို့ကို လက်ကမ်းစာစောင်တွေဝေတယ်။ သန်းခေါင်စာရင်းကောက်ရင် ဘယ်အချက်တွေပါမယ်ဆိုတာ ရှင်းပြတယ်။ ကျနော်တို့ဘက်ကလည်း နားမလည်တာတွေ မရှင်းတာတွေ မေးတယ်။ သူလဲ သူနဲ့ဆိုင်တာလောက် ဘဲဖြေနိုင်တယ် ။ ကျနော်တို့သိချင်တဲ့မေးခွန်းတချို့တဝက် သူမဖြေပေးနိုင်ဘူး။ နောက်ပြီး စကိုက်နဲ့ဆွေးနွေး ရတော့ ကျေနပ်အားရမှုမရှိကြဘူး” ဟု စိုင်းမွန်းက ပြောသည်။

ဆွးနွေးပွဲ ညနေပိုင်းတွင် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနှင့်ပတ်သက်ပြီး ဆွေးနွေးငြင်းခုံကြရသေး သည်ဟုလည်း သိရပါသည်။

No comments: