Tuesday, March 18, 2014

ဘူးသီးတောင်မြို့ ဆန္ဒပြပွဲ လူပေါင်း ၃၀၀၀ ကျော်ပူးပေါင်းပါဝင်

နိရဉ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယမန်နေ့က ပြုလုပ်သော ဆန္ဒပြပွဲတွင် လူပေါင်း ၃၀၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့သည်။

၎င်းဆန္ဒပြပွဲအား နေ့လယ် ၁၂ နာရီမှ ၂ နာရီထိ ပြုလုပ်ခဲ့ကြပြီး ရဟန်းသံဃာများ၊ လူမူအဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များ၊ ပြည်သူများက ဘူးသီးတောင်မြို့ လမ်းမများပေါ်တွင် ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဘင်္ဂလီအစား ဘင်္ဂလီများ နုတ်မှပြောသည့်အတိုင်း ရိုဟင်ဂျာလူမျိုးဟု ရေးသွင်းသွားမည့်ကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးက ပြောသည်။

“၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံးအကောင်အထည်ဖေါ်ပေးပါ၊ ဘင်္ဂလီ စာရင်းစစ် စာရင်းကောက်အလိုမရှိ၊ အနောက်ဘက်နယ်စပ်လုံခြုံရေး ပြည်ထောင်စုလုံခြုံရေး၊ ရိုဟင်ဂျာဟုထည့်သွင်းအသုံးပြုလျှင် သန်းခေါင်စာရင်းကို ရခိုင်တမျိုးသားလုံး သပိတ်မှောက်မည်” စသည့် ဆိုင်းဘုတ် ပိုစတာများ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။

No comments: