Wednesday, March 12, 2014

တပ်မတော်က ထိုးစစ်ဆင်ခြင်းမရှိဟု စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဆို

တင်ဇာအောင်၊ ကြယ်ပြာ

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း တပ် မတော်ဘက်က ထိုးစစ်ဆင်ခြင်းမရှိဟု တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယဗိုလ် ချုပ်ကြီးမြင့်စိုးက သတင်းထောက်များကို ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးက မတ် ၁၀ ရက်တွင် အစိုးနှင့် NCCT ခေါင်းဆောင်များ မြန်မာငြိမ်းချမ်းရေးစင်တာ တွင် တွေ့ဆုံမှုပြီးသည့်နောက် သတင်းထောက်များကမေးမြန်းစဉ် ယင်းသို့ ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

၎င်းက “ကျွန်တော် ဒီနေ့ရှင်းပြတဲ့အထဲမှာ (အစိုးရနှင့် NCCT တွေ့ဆုံစဉ်)လည်း ပါပါတယ်။ တပ်မတော် က ထိုးစစ်ဆင်တာမရှိပါဘူး”ဟု ဆိုသည်။

ပြီးခဲ့သည့်၂၀၁၄ နှစ်ဆန်းပိုင်း ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလအတွင်းတွင် ကချင်ပြည်နယ်အတွင်း အစိုးရနှင့် ကေအိုင်အေတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများမှာ သစ်မှောင်ခိုလမ်းကြောင်းများရှင်း လင်းရင်းဖြစ်သည်ဟုလည်း ကေအိုင်အိုဘက်က ပြောကြားထားသည်။

ယင်းသို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT)၏အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက လက်ရှိလုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ကြီးကြီးမားမား ထိခိုက်မှုရှိအောင် ထိုးစစ်ဆင်ခြင်းများ မရှိသေးဟုလည်း ဆိုသည်။

၎င်းက “အခု တိုက်ပွဲကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ သဘာဝထိန်းသိမ်းဖို့ သစ်တုံးတွေကို ဖမ်းတယ် လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ ငြင်းတယ်။ သစ်တုံးဆိုတာ ရွှေ့ပြောင်းလို့ရတဲ့ပစ္စည်းလို့ ဥပဒေမှာ ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းမယ်ဆိုရင် သစ်ပင်တွေ မလှဲခင်ထဲက ထိန်းရမှာကို သစ်တုံးတွေလှဲ ပြီးတော့ သယ်သွားပြီး လမ်းတစ်ဝက်ရောက်မှ ဖမ်းတယ်ဆိုတာ အကြောင်းပြချက်တစ်မျိုးဖြစ်တယ်။ သို့ သော် ဘာဖြစ်ဖြစ် အဲလိုထုတ်နေတာကို ဖမ်းရပါတယ်ဆိုတာ စစ်ဆင်ရေးရဲ့ အကြောင်းပြချက်ပါ”ဟု မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးအတွက် ဆောင်ရွက်နေကြပြီး ယင်းသို့ဆောင်ရွက်နေခြင်းမှာ လမ်းတစ်ဝက်သို့ ရောက်နေပြီဖြစ် ကာ စစ်တပ်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးရချင်၍ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များတွင် ပါ ၀င်နေခြင်းဖြစ်သည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောခဲ့သေးသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းတွင် အစိုးရနှင့် ကေအိုင်အေတပ်များ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားသကဲ့သို့ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA) နှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

No comments: